Smart Crazy တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Samsung Smart Monitor

ဖုန်းတွေ တစ်မျိုးပြီးတစ်မျိုးထုတ်နေတဲ့ Samsung အနေနဲ့ Monitor စျေးကွက်ကို လှည့်မကြည့်တာ တစ်နှစ်လောက်ရှိပါပြီ။ မနှစ်က Space Monitor ထုတ်ပြီးနောက်ပိုင်း ပျောက်နေတာကြာပါပြီ။ ခုတော့ Smart Monitor နဲ့အတူ စျေးကွက်ထဲပြန်ဝင်လာပြီ။ Smart Monitor ဆိုတာ ကွန်ပျူတာ Monitor ကို Smart TV ပုံစံပြောင်းထားတာပါ။ Monitor ကော၊ Smart TV ပါ 2 in 1 သုံးလို့ရတဲ့ပုံစံပါ။ 


မနှစ်ကထုတ်လုပ်ခဲ့တဲ့ Space Monitor ကတော့ Monitor ထားဖို့အခက်အခဲရှိသူတွေ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ ဒီနှစ်ထုတ်မယ့် Smart Monitor မှာ M5 နဲ့ M7 ဆိုပြီး မော်ဒယ်နှစ်မျိုးရှိပါတယ်။ M5 မှာ 27" နဲ့ 32" ဆိုပြီးနှစ်မျိုးရှိပါတယ်။ M7 ကတော့ 32" 4K ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄၀၀ ဝန်းကျင်ရှိပါတယ်။ Space Monitor လောက် ဒီဇိုင်းဖမ်းစားမှုမရှိပေမယ့် Feature တွေက အမိုက်စားတွေပါ။ပါဝင်တဲ့ Feature တွေက Samsung Tizen OS, Netflix, Apple TV နဲ့ Youtube ကြည့်နိုင်တဲ့ HDR 10 Wifi စနစ်၊ Built in 5W စပီကာစနစ်ပါဝင်ပါတယ်။ 


Google စနစ်ထည့်သွင်းထားပြီး အသံနဲ့အမိန့်ပေးနိုင်တဲ့ Bixby စနစ်ပါဝင်ပါတယ်။ Cloud စနစ်နဲ့ တွဲဖက်ပြီး ကွန်ပျူတာသီးသန့်သုံးလို့ရပါတယ်။ Remote တစ်ခုပါပြီး Mouse နဲ့ Keyboard ကိုလည်း Bluetooth နဲ့ချိတ်ဆက်လို့ရပါတယ်။ Office အသုံးပြုချင်တဲ့သူတွေအတွက် Office 360' ကို သုံးလို့ရပါတယ်။ Monitor လည်းသုံးချင်တယ်၊ TV လည်းကြည့်ချင်တဲ့သူတွေအတွက် Smart Monitor က အဆင်ပြေပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။