Moderna ရဲ့ ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်နီးပါးအောင်မြင်

မင်္ဂလာသတင်းတွေရောက်လာပါပြီ။  ဒီနေ့မှာတော့ နာမည်ကြီး အမေရိကန် Moderna ဆေး ကုမ္ပဏီက သယ်ဆောင်ရလွယ်တဲ့ ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှု ၉၄.၅ ရာခိုင်နှုန်း အောင်မြင်ပြီလို့ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း Pfizerနဲ့ Biotech ပူးပေါင်းထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်း အောင်မြင်ပြီလို့ ကြေညာခဲ့ပါတယ်။ တစ်ပတ်အတွင်း အမေရိကန်ဆေးကုမ္ပဏီ နှစ်ခုရဲ့အောင်မြင်မှုက တစ်ကမ္ဘာလုံးအတွက် မင်္ဂလာသတင်းဖြစ်ပါတယ်။ 


အမေရိကန်အစိုးရက ဒီဇင်ဘာလမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် Moderna နဲ့ Pifizer ဆေးကုမ္ပဏီနှစ်ခုစလုံးကို ထောက်ခံထားပါတယ်။ နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးကုမ္ပဏီနှစ်ခုပေါင်းပြီး ဆေးအလုံးရေ သန်း ၆၀ ​လောက် ထုတ်လုပ်ပေးဖို့ရှိပါတယ်။ လာမယ့်နှစ်မှာ အမေရိကန် အစိုးရက နိုင်ငံသား သန်း ၃၃၀ အတွက် ကာကွယ်ဆေးပေးနိုင်ဖို့အာမခံထားပြီး ၁ ဘီလျံထိထုတ်လုပ်ဖို့ မှာကြားထားပါတယ်။ ကာကွယ်ဆေးနှစ်ခုစလုံးဟာ မျိုးရိုးဗီဇပြောင်း mRMA (သို့) RMA ပေါ်မှာ အခြေတည်ပြီး တီထွင်ထားတဲ့ ကာကွယ်ဆေးသစ်တွေဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကူးစက်မှုဆိုးဝါးနေတဲ့ အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံအချို့မှာ အရေးပေါ်ကာကွယ်ဆေးတွေ လိုအပ်နေပါတယ်။ Moderna ဥက္ကဌ စတီဖင်ဟုဂ်က "ကိုဗစ်ကာကွယ်ဆေး အောင်မြင်ပါပြီ"လို့ ကြွေးကြော် ထားပါတယ်။


Moderna ကိုဗစ်ကာကွယ်ဆေးဟာ လူတစ်ဦးကို ၂၈ ရက်အတွင်း နှစ်ကြိမ် ထိုးပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် Pfizer ထက်ပိုပြီး အအေးခံစနစ် လျော့နည်းလို့  သယ်ဆောင်ရလွယ်ကူပါတယ်။ Pfizer ဆေးတွေက 80' C မှာ ထားဖို့လိုပြီး Moderna ရဲ့ဆေးတွေကတော့ 20'C ပဲလိုအပ်ပါတယ်။ ဆေးတွေကို တစ်လခံထားချင်ရင် 2' နဲ့ 8' ကြားထားဖို့လိုအပ်ပြီး ၆ လသိုလှောင်ချင်ရင်တော့ 20' C ထားဖို့လိုပါတယ်။ Moderna ရဲ့ Phase 3 စမ်းသပ်မှုအဆင့်မှာ လူ ၃သောင်း ကျော် ပါဝင်စမ်းသပ်ခဲ့ပြီး ရာနှုန်းပြည့်နီးပါးရလဒ်ကောင်းတယ်လို့ဆိုရမှာပါ။ Moderna ကာကွယ်ဆေးကို လာမယ့်အပတ် အမေရိကန် FDA နဲ့ EUA တင်မှာဖြစ်ပြီး နှစ်လကြာရင် အလုံးအရင်း ထုတ်နိုင်ပါပြီ။ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်ခံနေရသူ ၅၄ သန်းရှိပြီး သေဆုံးသူ ၁.၃ သန်းရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက အစိုးရတွေကတော့ ကိုဗစ်ကာကွယ်ဆေးရတော့မှာဖြစ်လို့ ကာကွယ် ဆေးထိုးမယ့်အစီအစဥ်တွေ ကြိုတင်ရေးဆွဲနေကြပါပြီ။ ကပ်ကြီးပြီးတော့မှာပါ။

Ref - Bloomberg

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။