ဆွဲဆန့်နိုင်တဲ့ မျိုးဆက်သစ်စမတ်ဖုန်းကို Oppo ပြသ

ခေါက်စမတ်ဖုန်းတွေ၊ ချိုးလို့ရတဲ့ စမတ်ဖုန်းတွေ ခေတ်စားနေချိန်မှာ Oppo က ဘေးတိုက်ဆွဲဆန့်လို့ ရတဲ့ Rollable စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ အဲဒီဖုန်းနာမည်ကို Oppo X 2021 လို့ အမည်ပေးထားပြီး Oppo Inno Day မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ 


Oppo X 2021 စမတ်ဖုန်းကို Oppo သုတေသနဌာနက ဆန်းသစ်တဲ့အမြင်နဲ့ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Oppo X မှာပါဝင်မယ့် Display က 6.7" ဖြစ်ပေမယ့် ဆွဲဆန့်လိုက်ရင် 10.4" လက်မရှိပါတယ်။ Display ဆွဲဆန့်လို့ရတဲ့ ဖုန်းကို TCL ကအရင်မိတ်ဆက်ခဲ့ပေမယ့် Oppo လောက်မလုပ်နိုင်ခဲ့ပါဘူး။ Oppo က စမတ်ဖုန်း ထုတ်လုပ်သူဆိုတော့ TCL ရဲ့အိုင်ဒီယာကို အလွယ်တကူလိုက်လုပ်နိုင်ခဲ့ပါတယ်။ ဒီလို ဆွဲဆန့်နိုင်တဲ့ ဖုန်းမျိုးကို Oppo အပြင် LG လည်း လုပ်နေပါတယ်။ 


Oppo Inno Day မှာ Rollable ဖုန်းအပြင် ကွန်ပျူတာ စနစ်သုံး AR Glass ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Oppo AR Glass မှာ 0.71 OLED, ကင်မရာ၊ sensor စနစ် အပြင် Find X ဖုန်းနဲ့ ချိတ်ဆက်လို့ရအောင် ပြုလုပ်ထားပါတယ်။ AR Glass ကို Google က အရင်လုပ်ပေမယ့် ခုထိ မကြေညာနိုင်သေးပါဘူး။  Oppo ကတော့ နည်းပညာသစ်ကဏ္ဍမှာ ခြေလှမ်းသွက်နေပါပြီ။ 


Ref - Tech Rader

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။