တန်ဖိုး မသိသဖြင့် ဒေါ်လာသန်းချီတန် ဥက္ကာခဲကို ဒေါ်လာ နှစ်သောင်းဖြင့် ရောင်းချခဲ့သူ

အင်ဒိုနီးရှားလက်သမားတစ်ဦးသည် တန်ဖိုးကြီးဥက္ကာခဲရရှိခဲ့သော်လည်း တန်ဖိုးအမှန်မသိရ သဖြင့် သန်းကြွယ်သူဌေး ဖြစ်ရမည့်အခြေအနေနှင့် ဝေးကွာခဲ့ရသည်။ အင်ဒိုနီးရှား မြောက်ပိုင်း ဆူမတ်ထရာပြည်နယ်ရှိ အသက် ၃၃ နှစ်အရွယ် လက်သမားတစ်ဦး၏ နေအိမ်သို့ သြဂုတ်လ ၁ ရက်နေ့က ဥက္ကာခဲတစ်ခု ပြုတ်ကျခဲ့သည်။ 


အဆိုပါ ဥက္ကာခဲသည် အပူရှိန်ပြင်းသဖြင့် အိမ်ခေါင်းမိုးပင် ပေါက်သွားခဲ့ရသည်။  ဥက္ကာပျံကျရောက်သောအချိန်တွင် အိမ်ခေါင်မိုးပေါက်သွားခဲ့ပြီး မြေကြီးထဲသို့ ၁၅ စင်တီမီတာ နစ်ဝင်သွားခဲ့သည်။ "ကျွန်တော်တွေ့တဲ့အချိန်တုန်းက ဥက္ကာပျံက ပူနေတယ်"ဟု တွေ့ရှိခဲ့သူ ဟက်တာဂူလန်ကပြောသည်။ 


၄င်းတွေ့ရှိခဲ့သော ဥက္ကာပျံ သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅ ဘီလျံသက်တမ်းရှိသည်။ အဆိုပါ ဥက္ကာပျံ၏ အလေးချိန်သည် ၂.၁ ကီလိုဂရမ်ရှိပြီး အမေရိကန်ဒေါ်လာ ၁.၈ သန်းတန်ကြေးကြောင်း Dailymail သတင်းစာတွင် ဖော်ပြထားသည်။အမေရိကန်၊ တက်ဆက်စ် အာကာသသိပ္ပံက အဆိုပါဥက္ကာပျံကို CM1/2 carbonac eous Chondrite ဟုသတ်မှတ်ထားသည်။ တန်ကြေးအားဖြင့် ၁ ဂရမ်ကို အမေရိကန်ဒေါ် ၁၁၄၉ ဂရမ်ရှိပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၈၅ မီလျံတန်ကြေးရှိသည်။ 


အစောပိုင်းတွင် ရွာသားများနှင့် မိသားစုများက ကံကောင်းစေသော အဆောင်ဟု ယူဆသောကြောင့် ၉၄.၂ ဂရမ်သာ ခွဲစိတ်ပြီး ရောင်းချခဲ့သည်။ သို့သော် စက်တင်ဘာလလယ်ခန့်တွင် ကျန်သည့်အပိုင်းများကို စုဆောင်းသူများသို့ အကုန်ရောင်းချခဲ့သည်။ ဥက္ကာပျံရောင်းချစဥ်က တန်ဖိုးအမှန်မသိသဖြင့် ဒေါ်လာ ၂သောင်းသာ ရရှိခဲ့ကြောင်း ကာယကံရှင်အမျိုးသားကဆိုသည်။ မည်သို့ပင်ဆိုစေ ဒေါ်လာ ၂သောင်း ဖြင့် အိမ်ကိုပြုပြင်ခဲ့ပြီး အလှူအတန်းလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။

Ref - Dailymail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။