၂၀၂၀ စွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ် BTS အဖွဲ့ဝင် Jung Kook ရွေးချယ်ခံရ

၂၀၂၀ ပြည့်နှစ်ရဲ့ စွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် BTS Kpop အဖွဲ့ဝင် Jung Kook ကို People Magazine က ရွေးချယ်လိုက်ပါတယ်။ Jung Kook ဟာ နာမည်ကျော် အမျိုးသားတွေဖြစ်တဲ့ Dan Levy, Keith Urban, Matthew Rhys နဲ့ Paul Mescal ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ Jung kook ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း MTV Award ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


၂၀၂၀ စွဲဆောင်မှုအရှိဆုံး အမျိုးသားရွေးချယ်ဖို့အတွက် အင်တာနက်ကတစ်ဆင့် ပရိသတ်တွေက မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ စွဲဆောင်မှုအရှိဆုံး တော်ဝင်မင်းသားဆုကိုတော့ ဗြိတိန်တော်ဝင် မင်းသား Harryက ရရှိခဲ့ပါတယ်။ မင်းသား Harry က ထီးနန်းစွန့်လွှတ်ပြီး အမေရိကားမှာ အခြေချနေထိုင်သူဖြစ်ပါတယ်။ သူဟာ တော်ဝင်မင်းသားဆုပေးပွဲမှာ အစ်ကိုဖြစ်သူ Williams, ဆွီဒင်မင်းသား Carl Phillip တို့ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့သူဖြစ်ပါတယ်။ နာမည်ကျော် ဘရူနိုင်းမင်းသားကတော့ ဆန်ကာတင် စာရင်းထဲပါဝင်ခဲ့ပါတယ်။ 


Ref - Scoop News



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။