ကျန်းမာရေးအတွက် စပျစ်သီးရဲ့ကောင်းကျိုး (၁၀) ချက်

စပျစ်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးပေးတဲ့အသီးမို့ သူ့ကို "queen of fruits" လို့ တင်စားထားကြတာပါ... စပျစ်သီးကို ယို၊ ဂျယ်လီ၊ ၀ိုင်နဲ့ ဖျော်ရည်အဖြစ်လည်း စားသုံးနိုင်ပါတယ်... ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးမို့ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် လုပ်စားလို့ရတယ်.... ပြီးတော့ စပျစ်သီးမှာက ကယ်လိုရီ နည်းနည်းပဲပါတယ်.... နောက်ပြီး သူ့မှာက Vitamins (A, C, B6) , Calcium, Potassium, Iron, Phosphorus, Folate, Selenium နဲ့ Magnesium တို့ပါဝင်ပါတယ်... အားအကောင်းဆုံး Antioxidants တွေပါဝင်လို့ ကျန်းမာရေးအတွက် အကောင်းဆုံးအသီးတစ်ခုပါပဲ....

(၁) စပျစ်သီးမှာက magnesium, iron, copper အစရှိတဲ့ micro nutrients ဓာတ်တွေပေါများစွာပါဝင်လို့ အရိုးတွေကို ပြန်လည်ကောင်းလာစေတယ်... အရိုးတွေကိုလည်း သန်မာစေပါတယ်....

(၂) စပျစ်သီးမှာ resveratrol တွေပေါများစွာပါဝင်ပါတယ်.... နောက်ပြီး ခန္ဓာကိုယ်ထဲမှာ tumors မဖြစ်အောင်လည်း တားဆီးပေးတယ်... ခရမ်းနုရောင် စပျစ်သီးက breast cancer မဖြစ်အောင်ကာကွယ်တားဆီးပေးပါတယ်....

(၃) စပျစ်သီးက အမြင်အာရုံတိုးတက်ဖို့အတွက် မရှိမဖြစ်တဲ့ အကောင်းဆုံးအသီးပါ... zeaxanthin နဲ့ lutein ပါဝင်လို့ မျက်လုံးကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်....

(၄) ထူးထူးခြားခြားအနေနဲ့ စပျစ်သီးဖျော်ရည်က esthma treatment အတွက် အရမ်းထိရောက်ပါတယ်... နောက်ပြီး သူက moisturizer လိုပဲ အဆုတ်ကိုစိုစွတ်နေအောင် ထိန်းသိမ်းပေးတယ်.... ကြီးကြီးမားမားချောင်းဆိုးတာတွေ မဖြစ်အောင်လည်း တားဆီးပေးတယ်... အဆုတ်ပြွန်နဲ့ဆိုင်တဲ့အနာရောဂါအတွက်တော့ အနာရောဂါကိုနိုင်တဲ့ အရေးပါဆုံးအချက် သူ့မှာပါရှိနေပါတယ်....

(၅) စပျစ်သီးက သင့်ရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စေပါတယ်... နောက်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ cholesterol တွေကို တိုက်စားသွားတယ်... ဒါ့အပြင် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်... ကိုယ်အလေးချိန်ကျဖို့နဲ့ ကယ်လိုရီတွေလောင်ကျွမ်းဖို့အတွက်လည်း အကူအညီပေးပါတယ်... ဒါ့ကြောင့် workouts မလုပ်ခင်မှာ စပျစ်သီးကို စားပေးဖို့လည်းလိုပါတယ်....

(၆) စပျစ်သီးက ဝမ်းချုပ်တဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ ဝမ်းနုတ်ဆေးတစ်ခုလိုပါပဲ... ကောင်းမွန်တဲ့ ဝမ်းနုတ်ဆေးလိုဓာတ်တွေပါဝင်လို့ အစာအိမ်ကို ပိုကောင်းအောင် အကူအညီပေးတယ်...

(၇) အနီရောင်ရှိတဲ့စပျစ်သီးတွေက ဗိုင်းရပ်စ်ပိုးတွေကို ချေဖျတ်သုတ်သင်နိုင်စွမ်းရှိပြီး antibacterial properties တွေပါဝင်ပါတယ်.... ဒါကြောင့် ခန္ဓာကိုယ်ထဲကို အမျိုးမျိုးသော မသန့်ရှင်းတဲ့အရာတွေမရောက်အောင် ကူးစက်ရောဂါတွေမဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်...

(၈) စပျစ်သီးမှာ pterostilbene တွေများစွာပါဝင်ပါတယ်... ဒီ compound တွေက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ cholesterol တွေကို လျော့ကျစေပါတယ်....

(၉) ပထမပြောသွားသလိုပဲ စပျစ်သီးမှာက antioxidants တွေပါဝင်တာတွေ့ရတယ်... အထူးသဖြင့် resveratrol က Alzheimer ရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်... Alzheimer ရောဂါသည်တွေအတွက် ဦးနှောက်ကို ပြန်လည်ကောင်းမွန်နိုင်စွမ်း တိုးမြှင့်ပေးပါတယ်... နောက်ပြီး တခြားအိုမင်းခြင်းနဲ့ဆက်စပ်နေတဲ့ ပြဿနာတွေ ရောဂါတွေကိုလည်း ကာကွယ်တားဆီးပေးပါတယ်....

(၁၀) အမြင်ထိခိုက်ခြင်းကြောင့်ဖြစ်တဲ့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ကုသဖို့အတွက် စပျစ်သီးအမှည့်ဖျော်ရည်ကို ရေလည်းမထည့်၊ သကြားလည်း မထည့်ပဲ home remedy လုပ်ပေးပါ... မနက်တိုင်း စပျစ်သီးဖျော်ရည်သောက်ပေးခြင်းက ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေကို ရရှိစေမှာပါ....