ကိုဗစ်ကာကွယ်ဆေးဖြန့်ဖို့ အမေရိကန် လေယာဥ်တွေ အသင့်ပြင်ထား

Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးဖြန့်ချိမှုအတွက် အမေရိကန်လေကြောင်းလိုင်းက လေယာဥ်တွေကို အဆင်သင့်ပြင်ထားတယ်လို့ သိရပါတယ်။ Pfizer ကာကွယ်ဆေးဖြန့်ဖို့အတွက် အမေရိကန်အမျိုးသားလေကြောင်းလိုင်း United Airline က တာဝန်ယူဖြန့်ချိပေးမှာဖြစ်ပါတယ်။ ဒီဇင်ဘာလကုန်မှာ အမေရိကန်တစ်နိုင်ငံလုံးကို အပြီးဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ဆေးတွေသယ်ဖို့အတွက် အအေးခဲစနစ်တပ်ဆင်ဖို့ကို အမေရိကန် လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) ရဲ့ အရေးပေါ်ထောက်ခံချက်ယူပြီးပါပြီ။ 


Pfizer ရဲ့ကာကွယ်ဆေးတွေက 70'C နဲ့ သယ်ရမှာဖြစ်လို့ သိုလှောင်မှုစနစ်အရေးကြီးပါတယ်။ ဖြန့်ချိမယ့် လမ်းကြောင်းတွေကိုတော့ အသေးစိတ်မကြေညာသေးပါဘူး။ ကာကွယ်ဆေးဖြန့်ချိဖို့အတွက် Pfizer ရုံးချုပ်ကို နယူးယောက်ခ်မြို့မှာ ထားရှိမှာဖြစ်ပြီး ကွပ်ကဲရေးရုံးအဖြစ် အမေရိကန်တစ်နိုင်ငံလုံးမှာ ရုံးခွဲ ၁၀ ခုဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန်နိုင်ငံကို တပြိုင်တည်းဖြန့်မှာ ဖြစ်ပြီး အဓိကဆေးသိုလှောင်ရုံကြီးတွေကို တည်ဆောက်ပြီး ဖြစ်ပါတယ်။ သက်တမ်း ၁၅၀ ကျော်ရှိတဲ့ Pfizer ဆေးကုမ္ပဏီကြီး ကာကွယ်ဆေးဖြန့်တဲ့အခါ တစ်နေ့ကို လေယဥ်ပေါင်းများစွာနဲ့ ၂၄ နာရီဖြန့်ချိမယ်လို့ သိရပါတယ်။


ဥရောပနဲ့ အမေရိကန်တိုက်ရိုက်ပျံသန်းမယ့် လေယာဥ်တွေအတွက် FAA က အထူးခွင့်ပြုချက်ပေးထားပြီးဖြစ်ပါတယ်။ အမေရိကန်လေယာဥ်တွေမှာ ရေခဲခြောက်ကို ပေါင် ၃၀၀၀ သာ တင်ဆောင်ခွင့်ပေးထားပြီး ကိုဗစ်ကာကွယ်ဆေးဖြန့်ရင် ပေါင် ၁၅၀၀၀ လောက်တင်ရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ အချိန်မီရောက်ဖို့၊ အန္တရာယ်ကင်းရှင်းစေဖို့အထူးဦးစားပေးလုပ်ဆောင်မယ်လို့ FAA ကထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးထိုးပေးတဲ့ နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေးထိုးပေးမှာ ဖြစ်ပါတယ်။

Ref - CNN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။