အင်ဒိုနီးရှား မွတ်စလင်မ်ဘာသာရေးဆရာကို ထောက်ခံသူ(၆)ဦး အဓိကရုဏ်းအတွင်းသေဆုံး

အင်ဒိုနီးရှား မွတ်စလင်မ်ဘာသာရေးဆရာကို ထောက်ခံသူ(၆)ဦး အဓိကရုဏ်းအတွင်းသေဆုံး

အင်ဒိုနီးရှားနိုင်ငံရှိ အယူအဆပြင်းထန်သော ရီဇီးရှီဟဒ် အမည်ရှိဘာသာရေးဆရာတစ်ဦးကို ထောက်ခံသူများထဲမှ (၆) ဦးမှာ တနင်္လာနေ့က လုံထိန်းများနှင့်ဖြစ်ပွားသော အဓိကရုဏ်းအတွင်းသေဆုံးခဲ့သည်။

ဒီဇင်ဘာ(၇)ရက် သန်းခေါင်ယံတွင် ရဲကားတစ်စီးကို ထောက်ခံသူများဟု ယူဆရသော လူတစ်စုက လိုက်လံတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးကဆိုသည်။


photo-CNA

အဆိုပါဘာသာရေးဆရာသည် နိုင်ငံတွင်း လူစုလူဝေးဖြင့်ဘာသာရေးဆုတောင်းပွဲများပြုလုပ်မှုကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ထွက်ပြေးခဲ့သည်။ ပြီးခဲ့သော နိုဝင်ဘာလက ဘာသာရေးဆရာပြန်ရောက်လာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref-CNA
Gabriel
WE Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။