ထန်တလန်မြို့နယ်၌ မှန်လုံကားတိမ်းမှောက်၍ (၂) ဦး သေဆုံး(၉) ဦး ဒဏ်ရာရ

ထန်တလန်မြို့နယ်၌ မှန်လုံကားတိမ်းမှောက်၍ (၂) ဦး သေဆုံး(၉) ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင် အမှတ်၊ (၁၇) မိုင်၌ ယနေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်က မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင် တန်းကား)  ကားနံပါတ် 3A/------ တိမ်းမှောက်မှု ကြောင့် လူ(၂) ဦး သေဆုံးကာ (၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


photo-MRTV

ဖြစ်စဉ်မှာ ထန်တလန်မြို့မှ ဟားခါးမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည် (၁၁) ဦး လိုက်ပါလာသည့် မှန်လုံကား ဖြူစိမ်းကြား(ချင်းတောင်တန်းကား) သည် ဘရိတ်ပေါက်သဖြင့် လမ်းဘယ်ဘက်ခြမ်းကို ချော်ကျတိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယာဉ်မောင်းအား ထန်တလန်မြို့ နယ်မြေရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

Ref-MRTV
#WeNews

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။