ကိုရီးယားစတိုင် ငုံးဥပဲငံပြာရည်စိမ်

ဒီတစ်ခေါမှာတော့ ဟိုးတလောက နာမည်ကြီးခဲ့တဲ့ ကိုရီးယားကြက်ဥစိမ်နည်းလေးကို တစ်မျိုးလေးဆန်းသစ်ပြီး လုပ်စားကြည့်ရအောင်နော်။ အဲ့ဒါလေးကတော့ ငုံးဥပဲငံပြာရည်စိမ်နည်းလေးဖြစ်ပြီး ကြက်ဥလိုပဲ စားလို့ကောင်းပြီး အစာပြေပဲဖြစ်ဖြစ်၊ ထမင်းနဲ့ပဲ ဖြစ်ဖြစ် စားသုံးနိုင်မှာ ဖြစ်ပါတယ်။

Photo Credit - food network

ပါဝင်ပစ္စည်း

ငုံးဥ - ၂၅ လုံး

ပဲငံပြာရည်အကြည် (Soy Sauce) - ၁ ခွက်

သကြား - ထမင်းစားဇွန်း ၁ ဇွန်း (သို့) ပျားရည် - ထမင်းစားဇွန်း ၂ ဇွန်း

ရေ - ၁ ခွက်

ှကြက်သွန်မြိတ် - ၂ စည်း

ကြက်သွန်ဖြူ - ၁ လုံး

ငရုတ်သီးစိမ်း - ၁၀ တောင့်

အရသာမှုန့် - အနည်းငယ်

Photo Credit - cookpad.com

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဦးဆုံး ရေဆူဆူထဲမှာ ငုံးဥလေးတွေကို (၇)မိနစ်ခန့်ပြုတ်ပြီး ရေစိမ်ထားပေးပါ။

- ပြီးရင်တော့ ငုံးဥလေးတွေကို အခွံခွာပြီး ဖယ်ထားပေးပါ။

- ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးစိမ်းလေးတွေကို ပါးပါးလှီးထားပေးပါ။

Photo Credit - reddit 

- ချက်မယ့် အိုးလေးထဲမှာ ရေ၊ ပဲငံပြာရည်ကိုထည့်ပြီး ကျိုပေးပါ။

- ပြီးရင် အရသာအတွက် သကြား (သို့) ပျားရည်၊ အရသာမှုန့်ထည့်ပြီး ကျိုပေးပါ။

- ရလာတဲ့ အရသာအရည်တွေ အေးသွားတဲ့အခါ လှီးထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးစိမ်းလေးတွေကိုထည့်ပေးပါ။

Photo Credit - freepik

- နောက်ဆုံးမှာတော့ ငုံးဥလေးတွေကိုထည့်ပြီး အဖုံးအုပ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး (၁)ည သိပ်ထားပြီး အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Psyche (We Media)

Ref; Seonkyoung Longest's youtube

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။