
ရန်ကုန်-ပြင်ဦးလွင်မိုင်(၁၀၀၀) ကျော်ခရီးကို ဒုတိယအကြိမ်လမ်းလျှောက်သူ မိတ္ထီလာမြို့မှထွက်ခွာ
ရန်ကုန်-ပြင်ဦးလွင်မိုင်(၁၀၀၀) ကျော်ခရီးကို ဒုတိယအကြိမ်လမ်းလျှောက်သူ မိတ္ထီလာမြို့မှထွက်ခွာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ကြိုးပမ်း ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့ များကို ဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်-ရန်ကုန် အသွား/အပြန် မိုင် (၁၀၀၀) ကျော်ခရီးကို လမ်းလျှောက်နေသော ဦးကျော်ကျော်ဝင်းသည် ဇန်နဝါရီ (၅) ရက်၊ နံနက် (၇) နာရီခွဲခန့်က မိတ္ထီလာမြို့မှ ခရီးဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ဖောင်းတော ကျေးရွာတွင်နေထိုင်သူ ဦးကျော်ကျော်ဝင်း (ခ) ဗိုလ်စနေ (၄၈) နှစ်သည် အဆိုပါ မိုင် (၁၀၀၀) ကျော်ခရီးကို ဒီဇင်ဘာ (၃ဝ) ရက်၌ ပြင်ဦးလွင်မြို့မှ စတင်၍လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။ မိုင်(၁၀၀၀)ကျော်ခရီးစဉ်အတွင်း ပံ့ပိုးကူညီမှုများကိုလည်း နိုင်ငံတစ်ဝန်းမှ ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် ပြန်လည်လှုဒါန်းသွားမည်ဟု ဦးကျော်ကျော်ဝင်းကပြောပါသည်။
photo-Myanmaralinn
source-Myanmaralinn
Gabriel
WE Media
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။