နော်ဝေမြေပြိုကျမှု သေဆုံးသူ(၁၀)ဦးအထိရှိလာ

နော်ဝေမြေပြိုကျမှု သေဆုံးသူ(၁၀)ဦးအထိရှိလာ

နော်ဝေနိုင်ငံ Ask မှာ ပြီးခဲ့တဲ့တစ်ပတ် ဒီဇင်ဘာလ ၃၀ ရက်နေ့ အစောပိုင်းက မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆောက်အဦ(၉)ခုပြိုကျပျက်စီးခဲ့ရပါတယ်။ နော်ဝေကယ်ဆယ်ရေးလုပ်သားများဟာလည်း ကူညီကယ်ဆယ် ရှာဖွေရေးတွေကို ဆက်လုပ်နေခဲ့ပြီး မြေပြိုကျမှုမှ အသက်ရှင်ကျန်ရစ်သူကို တွေ့လို့တွေ့ငြားဖြစ်ပါတယ်။ နေအိမ်များအောက်နစ်မြုပ်ခဲ့ပြီး သေဆုံးခဲ့သူပေါင်းက ခုဆိုရင် (၁၀)ဦးထိ ရှိသွားပြီလည်း ဖြစ်ပါတယ်။ ရုပ်အလောင်းတွေ့ရှိမှုကတော့ ၁၀ ဦးဆိုပေမဲ့လည်း ကျန်တရဲ့ရုပ်အလောင်းတွေက မြေသားတွေ၊ နွံတွေရဲ့အောက်မှာ ရှာမတွေ့နိုင်လောက်အောင် နစ်မြုပ်နေဦးမယ်လို့ယူဆရပါတယ်။


photo-verdenskdaily

source-AVN
Gabriel
WE Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။