
ခေါက်ဆွဲခြောက် အာလူးချောင်းကြော်
ဒီတစ်ခေါက်မှာတော့ အိမ်မှာ အပျင်းပြေ အလွယ်တကူလုပ်စားနိုင်မယ့် ခေါက်ဆွဲခြောက်အာလူးချောင်းကြော်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခေါက်ဆွဲခြောက်ကြွပ်ကြွပ်ရွရွလေးရယ်၊ အာလူးရဲ့ နူးညံ့တဲ့အရသာလေးရယ်ကြောင့် မိသားစုတွေလည်း ကြိုက်နှစ်သက်ကြမယ့် အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။
Photo Credit - pinterest
ပါဝင်ပစ္စည်း
အာလူး - ၃ လုံး
ငရုတ်သီးစိမ်း - ၃ တောင့်
ကြက်သွန်နီ - ၁ လုံး
ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်း ၁ ဝက်
ဆား - လက်ဖက်စားဇွန်း ၁ ဇွန်း
ဆန်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
ခေါက်ဆွဲခြောက် - ၁ ထုပ်
ခေါက်ဆွဲခြောက်ကပါလာသော အရသာမှုန့် - ၁ ထုပ်
ဂျုံမှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
Photo Credit - freepik
ပြုလုပ်နည်းအဆင့်ဆင့်
- အရင်ဦးဆုံး အာလူးလေးတွေကို ပြုတ်ပြီး ချေထားပေးပါ။
- ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကိုတော့ နူတ်နူတ်စင်းထားပေးပါ။
Photo Credit - cookpad.com
- ပြီးရင်တော့ ဇလုံတစ်လုံးထဲမှာ ချေထားတဲ့အာလူး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား (လက်ဖက်စားဇွန်း - ၁ ဝက်)၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး နှံ့အောင် နယ်ပေးပါ။
- နယ်ထားတဲ့ အာလူးတွေကို လက်ညိုးချောင်းလို အချောင်းလေးတွေ ဖြစ်အောင် ပုံသွင်းပါ။
Photo Credit - foodnetwork
- ခေါက်ဆွဲခြောက်တွေကို ကြေအောင် ချေထားပေးပါ။
- ခွက်တစ်လုံးထဲမှာ ဂျုံမှုန့်၊ ဆား၊ ခေါက်ဆွဲခြောက်က အရသာမှုန့်လေးတွေကို ရောပြီး ရေအနည်းငယ်နဲ့ ဖျော်ထားပါ။
Photo Credit - cookpad.com
- အာလူးချောင်းလေးတွေကို ဂျုံရည်လေးထဲနှစ်ပြီး ခေါက်ဆွဲခြောက်လေးတွေနဲ့ ကပ်ပြီး ဆီပူပူထဲမှာ ထည့်ကြော်ပေးပါ။
- အရောင်လေးရဲပြီး အာလူးလေးတွေလည်း ကျက်လာပြီဆိုရင်တော့ ဆယ်ကာဆီစစ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Psyche (We Media)
Ref; Toasted's youtube
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။