ရန်ကုန်မြို့၌ YBS ဘတ်စ်ကားအစီးရေ (၃၀၀၀) ကျော်ပြန်လည်ပြေးဆွဲ

ရန်ကုန်မြို့၌ YBS ဘတ်စ်ကားအစီးရေ (၃၀၀၀) ကျော်ပြန်လည်ပြေးဆွဲ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရန်ကုန် မြို့နှင့် ဆင်ခြေဖုံးမြို့နယ်များ အကြား YBS ဘတ်စ်ကားများပြေးဆွဲမှုမှာ အခိုက်အတန့်အားဖြင့် လျော့နည်း ကျဆင်းသွားခဲ့သော်လည်း ယခုအခါ နေ့စဉ်အစီးရေ (၃၀၀၀) ကျော်ဖြင့် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။


photo-MRTV

ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် ယာဉ်လိုင်းပေါင်း (၁၀၀) နီးပါး ယာဉ်စီးရေ (၄၀၀၀) ကျော်ဖြင့် ခရီးသွားပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ယာဉ်စီးရေ (၃၀၀၀) ကျော် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ YRTA အနေဖြင့် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲနိုင်ရေးအတွက် လိုအပ်သည်များ ကို ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိကြောင်း၊ မော်တော်ယာဉ်များ ပိုးသတ်ဆေး ဖျန်းခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသည်များ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင် ကြရန် ယာဉ်လိုင်းတိုင်းတွင် စတေကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မော်တော်ယာဉ်လိုင်းများအား ကောက်ခံသည့် စီမံအုပ်ချုပ်မှုစရိတ်ကို မတ်လ ကတည်းက ကောက်ခံခဲ့ခြင်းမရှိကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကူးစက်မှုအများစုမှာ အဲကွန်း အလုံပိတ်အခန်းများကြောင့်ဖြစ်ကြောင်း၊ လူစုလူဝေးဖြစ်စေသောအဲကွန်း အခန်းများကို ရှောင်သင့်ကြောင်း၊ လူတိုင်းလူတိုင်း နှာခေါင်းစည်းတပ်ဆင်ကြ ခြင်းဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ရန်ကုန်မြို့တွင် လူတိုင်း နှာခေါင်းစည်းကို တပ်လာကြ ပြီဖြစ်ကြောင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းသည် အခြားသူဆီက ရောဂါ ပိုးကို မိမိထံမရောက်ရှိစေရန်တားဆီးခြင်းဖြစ်သလို မိမိထံမှ ရောဂါပိုးကို အခြားလူ အား မကူးစက်နိုင်၍ ရောဂါထိန်းချုပ်ရန် အကောင်းဆုံး နည်းလမ်းပင်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

source-Mirrordaily
Gabriel
WE Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။