ချစ်တဲ့ပရိသတ်တွေအတွက် Eaindra Kyaw Zin နာမည်နဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ရေမွှေးထုတ်ဖြစ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

မြန်မာနိုင်ငံရဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မအူဝဲကတော့ သူမရဲ့ချစ်တဲ့ပရိသတ်တွေအတွက် ကိုယ်ပိုင်အမှတ်တံဆိပ်လေး ထုတ်လုပ်ခဲ့ပါပြီ။ဒါကတော့  မအူဝဲကိုယ်တိုင်ကြ်ိုက်နှစ်သက်တဲ့ ရေမွှေးကို Eaindra Kyaw Zin နာမည်နဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ရေမွှေးထုတ်လုပ်​ပြီဖြစ်ပါတယ်။မအူဝဲကို ချစ်ကြတဲ့ပရိသတ်တွေအတွက် အထူးသတင်းကောင်းလေးပါပဲနော်။


Photo Credit -Eaindra Kyaw Zin Merchandise Page

မအူဝဲကိုချစ်တဲ့သူတွေအနေနဲ့ Eaindra Kyaw Zin ရေမွှေးလေးကို ဆွတ်လိုက်တာနဲ့ ကိုယ်ချစ်တဲ့ Idolကကိုယ်နားမှာ ရှိနေသလိုခံစားရမှာပါ။




Photo Credit -Eaindra Kyaw Zin Merchandise Page


“အူဝဲရဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေဖို့ ဘာလေးထုတ်ပေးရင်ကောင်းမလဲ စဉ်းစားတဲ့အခါမှာ ကိုယ်တိုင် တကယ် သဘောကျနှစ်သက်တာ ရေမွှေးဖြစ်တဲ့ အတွက်ကြောင့်ရယ်၊ နောက်ပြီးတော့ အူဝဲ ကိုယ်တိုင် ရွေးချယ်ပြီး ထုတ်လုပ်မယ့်ရနံ့လေးတွေ အားလုံးထပ်တူ ရရှိခံစားစေချင်တာကြောင့်ရယ်က အဓိကပါ....” လို့ပြောခဲ့တာဖြစ်ပါတယ်။


Photo Credit -Eaindra Kyaw Zin Merchandise Page


ရေမွှေးအနံ့ကတော့ လက်ရှိမှာ GIOIA နဲ့ FASCINO ဆိုပြီး အနံ့နှစ်မျိုးဆိုပြီး ထုတ်လုပ်ထားပါတယ်နော်။ကဲမအူဝဲကိုချစ်ကြတဲ့ပရိသတ်တွေလည်း Eaindra Kyaw Zin ရေမွှေးလေးကို အားပေးဖို့အဆင်သင့်ပဲလား??

WeMedia

CeleNews