အင်းလေးရဲ့ ကမ္ဘာ့ပထမဦးဆုံး ရေပေါ်ဆန္ဒပြပွဲ

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် (၇)ရက်နေ့ကစတင်ပြီး အနယ်နယ်အရပ်ရပ်၊ နယ်ပယ်အသီးသီးကနေ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ဆန္ဒတွေထုတ်ဖော်ခဲ့ကြပါတယ်။ 


ဖေဖော်ဝါရီလ (၅)ရက်နေ့မှာတော့ ရန်ကုန်ကဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူကြီးလူငယ်တွေဟာ လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။


နောက်ရက်များမှာတော့ မတူကွဲပြားတဲ့ အပြင်အဆင်တွေနဲ့ အနယ်နယ်အရပ်ရပ်၊ နယ်ပယ်အသီးသီးကသူတွေဟာ မြန်မာ့အရေး ကမ္ဘာကသိအောင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။


ဒီကနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာတော့ အင်းလေးမှာ လှော်တက်ကိုယ်စီနဲ့ ကမ္ဘာ့ပထမဦးဆုံး ရေပေါ်ဆန္ဒပြပွဲကို ပြုလုပ်လျှက်ရှိပါတယ်။


အင်းလေးရဲ့ ရေပေါ်ဆန္ဒပြပွဲက ပုံရိပ်အချို့ကို We ပရိတ်သတ်ကြီးသိအောင် အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်။




Psyche (We Media)

Photo Credit to Photo Grapher Ze Ro

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။