တပ်ပိုင် မြဝတီဘဏ်မှာ ၄နာရီထဲက တိုကင်စနစ်နဲ့ ရာချီတန်းစီနေပြီး တစ်ဦးကို သိန်း ၂၀ပဲ ထုတ်လို့ရ

ရန်ကုန် ဝါးတန်းလမ်း တပ်ကပိုင်တဲ့ မြဝတီဘဏ်က ဒီရက်ပိုင်း ဖွင့်နေတဲ့အတွက် ဘဏ်မှာ ဒီနေ့ မနက် ၄နာရီထဲက တန်းစီသူ ရာချီရှိနေတာပါ။ ပုံမှန် တစ်နေ့ကို တိုကင် ၂၀၀ ထုတ်ပေးနေပေမယ့် ဒီနေ့မှာ ၁၀၀ ပဲ ထုတ်ပေးနေတယ်လို့ သိရပါတယ်။


တစ်ဦးကို အများဆုံး သိန်း ၂၀ ပဲ ထုတ်ခွင့်ပေးနေတယ်လို့ တန်းစီနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ အနီးအနားဝန်းကျင်က ဟိုတယ်တွေမှာတောင် လာတည်းခိုပြီး တန်းစီတဲ့သူတွေတောင် ရှိနေတယ်လို့ သတင်းရရှိထားပါတယ်။ 

“အခု တော်တော် အဆင်ပြေမနေဘူး။ ဘဏ်ဖွင့်တယ်ဆိုလဲ စီမံခန့်ခွဲမှုကို ပိုင်နိုင်မှ ဖွင့်စေချင်တယ်။ အလကား လူတွေကိုအချိန်ကုန် လူပင်ပန်းပြီး ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်တာမှ သေချာ မလုပ်ပေးနိုင်ရင် ဖွင့်မနေပါနဲ့တော့” လို့ တန်းစီနေတဲ့ ပြည်သူတစ်ဦးက We ကို ပြောပါတယ်။


သူမက မနေ့ကရော တစ်နေ့ကရောတိုကင်လုံးဝမရဘူးလို့ သိရပါတယ်။

We Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။