မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် မြို့တော်ဝန်ဦးရဲလွင် ရုံးထုတ်ကို ပြည်သူများကလာရောက် ဝန်းရံခဲ့ကြ

NLD ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို မန္တလေးမြို့ အောင်မြေသာစံတရားရုံးမှာ ဖေေဖာ်ဝါရီလ ၁၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့် ပြည်သူအများအပြား တရားရုံးရှေ့ကို လာရောက်ဝန်းရံခဲ့ကြပါတယ်။


မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပါတယ်။


ဒေါက်တာဇော်မြင့်မောင် ရဲ့အမှုအတွက် လာမယ့်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ  ၂၂ ရက်ကိုချိန်းဆိုထားတယ်လို့သတင်းရရှိထားပါတယ်။



We Media
Photo - MPA