အမေရိကန်၊ ဂျပန်၊ ဩစတေးလျနှင့် အိန္ဒိယ (၄)နိုင်ငံ ပါဝင်တဲ့ အာရှနေတိုး မဟာမိတ်အဖွဲ့ QUAD က မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ဟာ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့နှင့် မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။ 


(၄)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအုပ်ချုပ်မှု အမြန်ဆုံး ပြန်လည်ရရှိလာစေရေးနှင့် နယ်စပ်ဒေသများတွင် ဒီမိုကရေစီခိုင်မာရေးကို ဦးစားပေးလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ Ned Price က ပြောပါတယ်။




ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi မှ မြန်မာ့စစ်တပ်၏ ပြည်သူပြည်သားများအပေါ် အကြမ်းဖက်တုံ့ပြန်မှုကို ရပ်တန့်စေလိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို သိရပါတယ်။ 


အမေရိကန်သမ္မတ Biden အုပ်ချုပ်ရေးလက်ထက်တွင် မဟာမိတ်အဖွဲ့များကို အလေးပေး အာရုံစိုက်လာပြီး မြန်မာနိုင်ငံအား ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံများနှင့် လက်တွဲပူးပေါင်းစေလိုကြောင်း ကြားသိရသည်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။