ကနေဒါမှ မြန်မာစစ်အရာရှိများအား အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်း

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရန် ကနေဒါ နိုင်ငံမှ မြန်မာ့စစ်အရာရှိ (၉) ဦးအပေါ် (မြန်မာနိုင်ငံ ဆိုင်ရာ) အထူးစီးပွားရေး ဆောင်ရွက်ချက် စည်းမျဉ်းများအရ အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Marc Garneau က ကြေညာလိုက်သည်။ 

အာဏာသိမ်းယူလိုက်ချိန်မှ စ၍ မြန်မာစစ်တပ်နှင့် အသစ် တည်ထောင်လိုက်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတို့သည် အစုလိုက် အပြုံလိုက် တရားမဝင် ဖမ်းဆီး ထိန်းသိမ်းခြင်းများ၊ အချက်အလက် ရရှိခွင့်နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် စုဝေးခွင့်တို့ အပါအဝင် စနစ်တကျ ဖိနှိပ်မှုများကို အတင်းအဓမ္မ ဥပဒေများ ပြဌာန်းခြင်းဖြင့် လည်းကောင်း၊ အင်အားသုံး၍ လည်းကောင်း ပြုလုပ်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စုက မကြာသေးမီက ချမှတ်ခဲ့သည့် ဆောင်ရွက်ချက်များ ပြီးနောက် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်းကာ ယနေ့ ချမှတ်လိုက်သည့် ပိတ်ဆို့ အရေးယူမှုများသည် မြန်မာစစ်တပ်၏ လုပ်ရပ်များနှင့် မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် ဒီမိုကရေစီ ဆိုင်ရာ အခွင့်အရေးများကို လုံးဝ လစ်လျူရှုပစ်ခြင်းတို့အား ကနေဒါ နိုင်ငံက လက်ခံသွားမည် မဟုတ်ကြောင်း အားလုံးနှင့်အတူ စုစည်း၍ ပေးပို့လိုက်သည့် သတင်းစကား တစ်ခုလည်း ဖြစ်သည်။ ယခု အရေးယူမှုများသည် မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သော ပြောင်းလဲမှု ဖြစ်ပေါ်စေရန် ကနေဒါ နိုင်ငံက လုပ်ဆောင်နေသည့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ မြန်မာပြည်သူများနှင့် ၎င်းတို့၏ ဒီမိုကရေစီ ပြည့်ဝသော အနာဂတ်ကို လိုလားမှုများနှင့် ကျွန်ုပ်တို့ ထပ်တူ ရပ်တည်နေပါသည်။ 

ဒေသတွင်း ငြိမ်းချမ်းရေးနှင် လုံခြုံရေး တို့ကို ခြိမ်းခြောက်နေသည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှု ဆိုင်ရာ အခြေအနေများကို တုံ့ပြန်ရန် (မြန်မာနိုင်ငံ ဆိုင်ရာ) အထူး စီးပွားရေး ဆောင်ရွက်ချက် စည်းမျဉ်းများ စတင် အသက်ဝင်လာသည့် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလမှ စ၍ ကနေဒါသည် အချို့သော ပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းများအပေါ် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားပြီး ဖြစ်သည်။ 

ကြေညာချက်ပါ ထပ်ပေါင်း ပိတ်ဆို့မှုများအရ ကနေဒါနိုင်ငံမှ ပိတ်ဆို့ အရေးယူထားသူ ၅၄ ဦးအထိ ရှိလာပြီ ဖြစ်သည်။ လက်နက်နှင့် ဆက်စပ် ပစ္စည်းများ ကုန်သွယ်ခြင်း၊ သက်ဆိုင်ရာ နည်းပညာနှင့် ငွေကြေး အထောက်အပံ့များ ပေးခြင်းအပေါ် ပိတ်ဆို့မှုများလည်း ဆက်လက် အသက်ဝင်လျက် ရှိသည်။

ကောက်နှုတ်ချက်

“ကနေဒါ နိုင်ငံသည် မြန်မာပြည်သူများ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းမှုများတွင် အတူ ရပ်တည်လျက် ရှိပါသည်။ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက် တင်မြှောက်ခံထားရသော အစိုးရ ပြန်လည် အသက်ဝင်လာရေးကို တောင်းဆိုနေသည့် ကျွန်ုပ်တို့၏ နိုင်ငံတကာ မိတ်ဖက်များနှင့် အတူ လက်တွဲ၍ မြန်မာ စစ်တပ်ကို အာဏာသိမ်းရာတွင် မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ ကနေဒါသည် ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အမြဲ ထောက်ခံ လှုပ်ရှားသွားမည် ဖြစ်သည်။”
Marc Garneau နိုင်ငံခြားရေး ဝန်ကြီး 

သတင်း ထုတ်ပြန်ချက် မူရင်း

နောက်ခံ
 
မြန်မာနိုင်ငံ ဆိုင်ရာ အရေးယူ ပိတ်ဆို့မှု စာရင်း စာမျက်နှာများ

ကနေဒါ နိုင်ငံ၏ အရေးယူပိတ်ဆို့မှု စာရင်းများ

We Media
Attachments area