တရုတ်နှင့် အိန္ဒိယနယ်စပ်တွင်ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများအကြား တရုတ်စစ်သား(၄)ဦးကျဆုံးခဲ့တယ်လို့ ၆လခန့်ကြာမြင့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်တရုတ်ပြောကြား

ပြီးခဲ့သည့်နှစ်က အိန္ဒိယတပ်များနှင့်တောင်တန်းများအကြားပြင်းထန်သောနယ်စပ်တိုက်ပွဲများတွင် ၎င်းတို့စစ်သား (၄)ဦးကျဆုံးခဲ့သည်ဟု တရုတ်စစ်တပ်က သောကြာနေ့တွင်ပြောကြားခဲ့ပါတယ်။ အာရှအင်အားကြီး နိုင်ငံ ၂ နိုင်ငံ အတွင်း ၄၅ နှစ်နီးပါးဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင် အသေအပျောက်နဲ့ ထိခိုက်ခံစားရမှုများစွာ ရှိခဲ့သော်လည်း ပေကျင်းမှ ပထမဆုံးအကြိမ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားပြီး ခြောက်လကျော်အကြာမှ ထုတ်ပြန်ကြေငြာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်လေ့လာနေသူများကို ထိုအပျက်၏အမှန်တရား အမှားနှင့်အမှန်အား သိသာစေရန်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Hua Chunying ကပြောကြားခဲ့ပါတယ်။


အဆိုပါ ထုတ်ပြန်ကြေငြာချက်သည် သွေးထွက်သံယိုမှု များစွာကနေ ဖြစ်လာနိုင်ချေရှိသော ပြည်တွင်းပြည်ပ ဆိုးကျိုးများ အပေါ်မှာသက်ဆိုင် နေသကဲ့သို့ တရုတ်ရဲ့ နက်ရှိုင်းသောစစ်ရေးလျှို့ဝှက်ချက်ကိုလည်းဖော်ညွှန်းလျက်ရှိပါတယ်။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ အတွင်း Ladakh ဒေသ၏ဂယ်ဝါချိုင့်ဝှမ်းတွင်ကုန်းမြင့်ပေါ်၌ဖြစ်ပွားသောတိုက်ပွဲများအပြီးအိန္ဒိယသည် အဆိုပါတိုက်ပွဲတွင် ၎င်း၏စစ်သား ၂၀ အားဆုံးရှုံးခဲ့ရကြောင်းကြေငြာခဲ့ပါသေးတယ်။


 တရုတ်ဘက်တွင် ထိခိုက်ဒဏ်ရာရမှုများစွာ ရှိနိုင်သော်လည်းတင်းမာမှုများထပ်မံမဖြစ်ပေါ်စေလိုသောကြောင့် ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုအကြိမ်များစွာပြုလုပ်ခဲ့ပြီးနောက်မှထွက်ပေါ်လာခဲ့သော အဆိုပါကြေငြာချက်သည် တရုတ်နှင့် အိန္ဒိယစစ်တပ်များ တပ်ဆုပ်မည့်အနေအထားကို ထင်ဟပ်နေပါတယ်။

Photo Credit

သတင်း အပြည့်အစုံမူရင်း  -  https://apnews.com/c4759ce4d04b6c62c43f2db80c65ccd3

We Media