ယိုးဒယားခေါက်မုန့်အိအိလေး လုပ်စားကြမယ်

မြန်မာခေါက်မုန့်လိုပါပဲ ယိုးဒယားခေါက်မုန့်ကတော့ အုန်းရည်နဲ့ အဓိကလုပ်တာဆိုတော့ အုန်းသီး အနံ့မွှေးမွှေးအီအီလေးလည်းရသလို စားလိုက်ရင်လည်းအိအိလေးဆိုတော့ တကယ်ကိုအရသာရှိမှာပါ။ ဒီတော့ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ပုံပြုလုပ်ပုံပြုလုပ်နည်းလေးတွေကို ပြောပြပေးမယ်နော်။


ပါဝင်ပစ္စည်းတွေကတော့
၁. ဂျုံမှုန့် ( 130 g )
၂. ဆန်မှုန့် (10 g )
၃. ဆား ( အနည်းငယ် )
၄. ကြက်ဥ ( ၂ လုံး )
၅. သကြား ( 150 g )
၆. အုန်းရည် ကျိုပြီးသား ( လက်ဖက်ရည်ပန်းကန်လုံးစာ ၁ ခွက် )
၇. အုန်းသီးအတွင်းသား  ဖြစ်နိုင်ရင်တော့ အုန်းသီးအသားနုလေ ပိုပြီးစားလို့ကောင်းပါတယ်။ ( အနည်းငယ် )
၈. Carrot Juice ဆိုတာကတော့ အရောင်ဆိုးဆေးလို ပုံစံပါ။ ပြောရရင်တော့ အနီရောင်ဆိုရင် စတော်ဘယ်ရီ လို အနံ့အရသာမျိုးပါ။ ( City Market ) တွေမှာဝယ်လို့ရပါတယ်။ ( စားပွဲတင်ဇွန်း  ၃ ဇွန်း )                                                                                                           ၉. နှမ်းအမဲ ( အနည်းငယ် )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. အရင်ဦးဆုံး ဂျုံမှုန့်နဲ့ဆန်မှုန့်နဲ့ကို ဇကာလေးနဲ့ စစ်ပြီး ရောနယ်လိုက်ပါ။
၂. ရောထားတဲ့ အမှုန့်တွေထဲသို့ ကျန်ပါဝင်ပစ္စည်းတွေကို အချိုးကျစွာ ထည့်ပြီး မွှေလိုက်ပါ။
၃. ဒယ်အိုးအပြားပေါ်သို့ ဆီလေး ဆိုရုံလောက်လေး သာ သုပ်ပြီး ခုနက အနှစ်တွေကို ဇွန်းတစ်ဇွန်းစာထည့်ပြီး အပေါ်အောက်လှန်ပြီး မီးအပူပေးလိုက်ပါကအရသာရှိတဲ့ ယိုးဒယားခေါက်မုန့်အိအိလေးကို စားလို့ရပါပြီနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။