နာမည်ကြီး ပန်းချီကားတွေထဲက ဇာတ်ကောင်တွေကို ဓာတ်ပုံအဖြစ်ပြန်လည်အသက်သွင်းခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ဓာတ်ပုံပညာရှင်အမျိုးသမီး

အသက် ၆၆ နှစ်အရွယ် အမေရိကန် - ဂျာမန် ကပြားအမျိုးသမီး လော်ရာ ဟော့ဖ်စတဒ်ဒါ ဟာ နာမည်ကြီး ပန်းချီဆရာကြီးတွေ၊ ပန်းချီဂုရုကြီးတွေရဲ့ ပန်းချီကားချပ်တွေထဲက ဇာတ်ကောင်တွေအတိုင်း သူ့ကိုယ်သူ အနက်ရောင် နောက်ခံထားလို့ ( self portrait ) ဓာတ်ပုံအဖြစ်ပြန်လည်ဖန်တီးခဲ့တယ် …။

အဲဒီလိုဖန်တီးရာမှာလည်း ဓာတ်ပုံပညာအပြင်၊ တည်းဖြတ် app တွေဖြစ်တဲ့ photoshop ကိုပါတွဲဖက်အသုံးပြုခဲ့တာဖြစ်ပါတယ် …။

သူမရဲ့ ခံယူချက်တစ်ခုရှိတယ် …။ “ အသက်ကြီးလာလေလေ .. လူ့အသိုင်းအဝိုင်းနဲ့ဝေးသွားသလိုလို ခံစားရလေလေဖြစ်တယ် “ လို့ဆိုပါတယ် …။

သူမအနေနဲ့ ဒီပရောဂျက်ကို ဖန်တီးခဲ့တာဟာ အပျော်သဘောသက်သက်ကြီးမဟုတ်ပဲ တီထွင်ဆန်းသစ်နိုင်မှု၊ အဟောင်းတွေထဲကဖောက်ထွက်နိုင်မှု နဲ့ နောက်ဆုံးတစ်ခုကတော့ အနုပညာမှာ အသက်အရွယ်အပိုင်းအခြားမရှိဘူးဆိုတာကို သက်သေပြချင်လို့ဖြစ်တယ် လို့ဆိုပါတယ် ….။

ကြည့်ရအောင် …။

( ၁ ) ပုလဲလည်ဆွဲနဲ့မိန်းမပျို ( ဂျိုဟန်နက်စ် ဗာမီးယား )

( ၂ ) အချစ်တတ်ဆုံး ( ဂျော့ချ် ဖရက်ဒရစ်ခ် ဝတ်စ် )

( ၃ ) သံစဉ် ( ဂျင်း အန်တွိုင်း ဝက်တေယူ )

( ၄ ) အမေ ( ဂျိမ်းစ် မက်နီးလ် ဝစ်တလာ )

( ၅ ) မိုနာလီဆာ ( လီယိုနာဒို ဒါဗင်ချီ )

( ၆ ) အော်သံ ( အဒ်ဗာ့ဒ် မန့်ချ် )

( ၇ ) သားကြီး ( ရီးန် မက်ဂရစ် )

( ၈ ) ကိုယ်တိုင်ရေးပုံတူ ( ရမ်းဘရန့်ထ် )

( ၉ ) ကော်ဖီဆိုင်က တေးသံရှင် ( အက်ဒ်ဂါ ဒေးဂတ်စ် )

( ၁၀ ) ဒန်တီ အလီဂါရီ ( ဆန်ဒရို ဘော်တစ်ဆယ်လီ )

( ၁၁ ) စစ်စတာ အက်ဂါသာ ( ပီယာရို ဒယ်လာ ဖရန်ဆစ်ဆာ )

( ၁၂ ) ယစ်ထုတ်တစ်ယောက်ရဲ့ အတွေး ( ပတ်ဘလို ပီကာဆို )

( ၁၃ ) ကိုယ်တိုင်ရေးပုံတူ ( ဂျုးဒစ် လေစတာ )

သူမရဲ့ တခြားလက်ရာ ဓာတ်ပုံတွေကို ကြည့်ချင်ရင်တော့ laurahofstadter.com မှာ သွားရောက်ပြီး ကြည့်ရှုနိုင်ပါတယ် ....။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။