Runway Model တစ်ဦးဖြစ်လာခဲ့တဲ့ Stephen Thompson

နာမည်ကျော် လူကြိုက်များတဲ့ Men’s Fashion မော်ဒယ်လ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ သူ စိတ်ကူးခဲ့ဖူးပါတယ်။ ဒါပေမယ့် လူတိုင်းဟာ စိတ်ကူးနဲ့လက်တွေ့ထပ်တူကျဖို့ဆိုတာ မလွယ်ကူလှပါဘူး။

သူဟာ အရေပြားခရုသင်းစွဲနေတဲ့သူတစ်ဦးဖြစ်ပေမယ့် မော်ဒယ်လ်ဖြစ်နိုင်မယ့် ဘယ်အခွင့်အရေးကိုမဆို သူလုံးဝအဆုံးအရှုံးမခံခဲ့ပါဘူး။

အခွင့်အရေးရရင် ရသလို သူကြိုးစားခဲ့ပါတယ်။ ဓာတ်ပုံဆရာတစ်ယောက်နဲ့ အလုပ်စလုပ်ပြီးကတည်းက သူဟာ နောက်လှည့်ခြင်းမရှိပဲ သူဖြစ်ချင်တဲ့ မော်ဒယ်လ်ကို တစိုက်မက်မက်လုပ်ဆောင်ခဲ့တယ်။

 ဒီနေ့ဟာဆိုရင် Stephen Thompson တစ်ယောက် နာည်ကျော် Fashion မဂ္ဂဇင်း မော်ဒယ်လ်တစ်ယောက်အပြင် Runway ရှိုးမှာလည်း နာမည်ရလာတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။