ကလေးတွေအတွက်အာဟာရရှိစေမဲ့မုန့်လုပ်နည်း

မိမိရဲ့ကလေးကို အာဟာရရှိစေမဲ့မုန့်မျိုးလုပ်ကျွေးချင်နေတဲ့ မိခင်များအတွက် ရိုးရှင်းလွယ်ကူတဲ့ မုန့်လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်....

မုန့်ရဲ့နာမည်လေးကတော့ ဝက်ပေါင်ခြောက် ချိစ် ပါမုန့်လိပ်ကြော်ပါ...။

ဒီမုန့်လုပ်နည်းလေးက အရမ်းလွယ်ကူတဲ့အတွက် အချိန်လည်းအများကြီးပေးစရာမလိုပါဘူး...။ ဒါကြောင့် မနက်ခင်း ကျောင်းသွားခါနီးမှာ ကိုယ့်ကလေးကို မနက်စာလေးအဖြစ်နဲ့လုပ်ကျွေးရင်လည်း အဆင်ပြေတယ်... နေ့လည်စာမုန့်အဖြစ်နဲ့ ထည့်ပေးရင်လည်းအဆင်ပြေတယ်.... ။နောက်ပြီး အားလပ်ရက်မျိုးမှာ မုန့်လုပ်ကျွေးချင်တယ်ဆိုလည်း ဒီမုန့်လုပ်နည်းလေးကအဆင်ပြေစေပါတယ်....။

ကဲ ဘယ်လိုနည်းလေးလဲဆိုတာကို ကြည့်လိုက်ရအောင်....။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဘေးသားမပါတဲ့ပါမုန့် လေးချပ်၊ ပြုတ်ထားတဲ့ ဝက်ပေါင်ခြောက်ပြား လေးပြား၊ ချိစ်ပြား လေးပြား၊ ကြက်ဥ တစ်လုံး၊ သံလွင်ဆီ (ဟင်းချက်ဆီ) နဲ့ အမှုန့်ဖြစ်အောင်ကြိတ်ထားတဲ့ ပါမုန့်အစအနလေးတွေပါ....

အရင်ဆုံးပါမုန့်ကို ပြားချပ်သွားအောင် ဒလိမ့်တုံးနဲ့လှိမ့်ပေးရပါမယ်... ။ပါမုန့်ပါးချပ်သွားပြီဆိုရင် အဲ့ပေါ်ကို ချိစ်ပြား တစ်ပြားတင်၊ ဝက်ပေါင်ခြောက်ပြား တစ်ပြားတင်ပြီး အလိပ်သေးသေးလေးဖြစ်အောင်လိပ်ပေးပါ...။

ကြက်ဥတစ်လုံးကို ပန်းကန်ပြားထဲထည့် ခလောက်ထားပါ...။ ပြီးရင် အဲ့ထဲကို ခုနလိပ်ထားတဲ့ ပါမုန့်လိပ်ထည့်နှစ်ပေးပါ....။

ပြီးသွားရင် အမှုန့်ဖြစ်အောင်ကြိတ်ထားတဲ့ ပါမုန့်အစအနလေးတွေထည့်ထားတဲ့ ပန်းကန်ပြားထဲကိုလည်း ထည့်ပြီး နှံ့သွားအောင်နယ်ပါ....။

ပြီးရင်တော့ ဆီအိုးထဲထည့်ပြီး ကြော်လို့ရပါပြီ....။ ကြော်ပြီးရင် စက္ကူပြားလေးပေါ်မှာ ခဏဆီစစ်ထားလိုက်ပါ....။

ပြီးရင်တော့ ပန်းကန်ပြားလေးထဲထည့်ပြီး စားသုံးလို့ရပါပြီ....။ အချဉ်လေးနဲ့တို့ပြီးစားလည်း အရမ်းအရသာရှိပါတယ်....။