အသက် ၂၉ နှစ်ရှိနေပေမယ့် ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ G-Dragon

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Big Bang အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ G-Dragonn ဟာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲတစ်နက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ G-Dragon ကိုတော့ August 18, 1988 တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှာ မွေးဖွားခဲ့တာပါ။ နာမည်အရင်းကတော့ Kwon Ji-Yong ပါ။ အခုဆိုရင် G-Dragon ဟာ အသက် ၂၉ နှစ်ရှိနေပါပြီ။


သူဟာ သီချင်းတွေကို ကိုယ်တိုင်သီဆိုရုံသာမက သူကိုယ်တိုင်လည်း သီချင်းတွေရေးပြီးသီဆိုလေ့ရှိပါတယ်။ ဒါ့အပြင် G-Dragon ဟာ Rapper record producer, Model, Fashion Desinger စတဲ့ အလုပ်တွေကိုလည်း လုပ်ဆောင်ပါသေးတယ်။အနုပညာနဲ့ ပတ်သက်တဲ့ ဆုတွေကတော့ ပြောနေစရာတောင်မလိုပါဘူးနော်။ တကယ်ကို တော်လွန်းလို့ ဆုတွေဆိုရင်လည်း အများကို ရထားတာပါ။

အများအားဖြင့် ကျရင် သူ့ရဲ့ မျက်နှာက ခပ်ချေချေ အနေအထား ဆရာကြီးပုံစံနေတက်သလိုရှိပါတယ်။ တစ်ခါတစ်လေမှာတော့ သူ့ရဲ့ မျက်နှာက ကလေးလေး တစ်ယောက်ရဲ့ ပုံစံအနေအထားရှိပြီး ချစ်စရာကောင်းပါတယ်။ ဒီတော့ G-Dragon ရဲ့ ချစ်စရာကောင်းရဲ့ မျက်နှာအနေအထားနဲ့ ပုံလေးတွေကို သူ့ရဲ့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါမယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။