သင်ဝမ်းနည်းနေတဲ့အချိန်မှာ ဘာတွေလုပ်သင့်သလဲ

ဝမ်းနည်းခြင်းဆိုတာ သင့်ရဲ့ တစ်နေ့တာ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့အရာမဟုတ်သလို သင့်ရဲ့ တစ်နေ့တာအချိန်တွေကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်စိတ်ပိုမိုပြီး ကောင်းမွန်လာစေနိုင်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေ အများကြီးရှိမှာပါ။ ဝမ်းနည်းနေတဲ့ စိတ်ခံစားမှုကို ကာကွယ်ပေးနိုင်အောင်၊ ကိုယ့်ကိုယ်ကို ပိုပြီး သန်မာလာအောင် စသဖြင့်အရာတွေပေါ့။
အောက်ဖော်ပြပါ အချက်တွေဟာ သင့်ရဲ့ ဝမ်းနည်းနေတဲ့ စိတ်တွေကို လျော့ကျသွားအောင် အထောက်အကူဖြစ်စေနိုင်ပါတယ်။


ကိုယ့်စိတ် ဘာတွေခံစားပြီး ဘာကြောင့်ခံစားနေရတာကိုလည်းဆိုတာ သတိထားသုံးသပ်ကြည့်ပါ
 
သင့်ရဲ့ ခံစားနေရတဲ့အကြောင်းကို သိရှိနိုင်စေခြင်းဟာ သင့်ကိုယ်သင် လက်ခံနိုင်ခြင်းဖြစ်ပါတယ်။ ဝမ်းနည်းနေရင်တော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် သတိထားကြည့်ပါ။ အချိန်အကြာကြီးတော့ မစဉ်းစားပါနဲ့။ သင်ပိုပြီး ဝမ်းနည်းနေပါလိမ့်မယ်။ တခြား တစ်ယောက်ကို ရင်ဖွင့်သင့်ရင်တော့ ရင်ဖွင့်လိုက်ပါ။ သို့မှသာလျှင်သင် ခံစားနေရတာတွေ သက်သာပါလိမ့်မည်။


ကျရှုံးခြင်း ဒါမှမဟုတ် စိတ်ပျက်ခြင်းများအတွက် ပြန်လည်ကြိုးစားပါ
 
ဘယ်အရာမဆို ကိုယ့်မျှော်လင့်ထားသလို ဖြစ်မလာခဲ့လျှင် ဝမ်းနည်းပြီး အရှုံးမပေးလိုက်ပါနဲ့။  နောက်တစ်ကြိမ်ဆိုတာ အမြဲတမ်းရှိပါတယ်။ ကိုယ့်ကြိုးစားမှုအတွက် အသိမှတ်ပြုလိုက်ပါ။ ပြီးနောက် ကိုယ့်လိုအပ်ချက်တွေကို ပြင်ဆင်ပြီး နောက်တစ်ကြိမ်ပြန်လည်ကြိုးစားပါ။ အကောင်းမြင်နိုင်တဲ့ စိတ်ထားလေး ထားပေးပါ။

အကောင်းမြင်နိုင်အောင် တွေးပေးပါ
 
ဝမ်းနည်းနေတာတောင်မှ အရင်က ကိုယ်ကောင်းခဲ့တဲ့အရာတွေထဲက တစ်ခုဖြစ်ဖြစ် နှစ်ခုဖြစ်ဖြစ် ပြန်လည်းတွေးကြည့်ပြီး ဖြေသိမ့်လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ကိုယ်ဘာတွေလုပ်နိုင်တာလဲ ဒီထက်ပိုကောင်းလာနိုင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို တွေးပါ။ ကိုယ်လိုချင်နေခဲ့တဲ့အရာတွေကို ကိုယ်မရခဲ့ဘူးဆိုရင် ကိုယ့်စိတ်ကို ပျော်နိုင်အောင် ထားပေးနိုင်တဲ့ အကြောင်းအရာတွေကိုပဲ စဉ်းစားပါ။ အကောင်းဆိုတာ အမြဲတမ်းရှိနေတတ်ပါတယ်။ ရှာကြည့်လိုက်စမ်းပါ။

ဖြေရှင်းချက်တွေ စဉ်းစားပါ။
 
ဒီအတိုင်းနေပြီး ဝမ်းနည်းပူဆွေးစွာ ခံစားနေရတာထက်စာရင်ပြဿနာကို ဘယ်လို ဖြေရှင်းနိုင်ရမလဲ ဘာတွေက အကူအညီပေးနိုင်မလဲဆိုတာကို စဉ်းစားနေခြင်းဟာ သင့်ကို ပိုပြီး မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာမယ်။ ပိုပြီး ခံနိုင်ရည်ရှိလာမည်။ သင်ပျော်ရွှင်စွာအမြဲတမ်းနေနိုင်ခြင်းဟာ သင့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေက သင့်ဆီရောက်မလာနိုင်တာ အသေအချာပါပဲ။

ကိုယ့်စိတ်ကို ပျော်အောင်ထားပါ။
 
သင့်စိတ်ကို အကောင်းဘက်ကနေပဲ ပျော်ရွှင်စွာထားလိုက်ခြင်းဖြင့် ဝမ်းနည်းမှုတွေကို ခါချလိုက်ပါ။ ဂိမ်းကစားလိုက်ပါ။ ဒါမှမဟုတ် အားကစားတခုခု၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း၊ ပြေးလွှားခြင်း၊ လမ်းလျှောက်ခြင်း၊ သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ ဒါမှမဟုတ် သင့်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်နဲ့ပဲဖြစ်ဖြစ် အများနဲ့ပဲဖြစ်ဖြစ် ပျော်ရွှင်တဲ့အချိန်တွေကို ဖြုန်းတီးလိုက်ပါ။  အနားယူပါ။ ပျော်ရွှင်ပါ။ သင့်စိတ်ကို ပိုပြီး သက်သာလာလိမ့်မည်။