ချစ်သူရုရှားကောင်လေးကို သူငယ်တန်းစာ သင်ပေးနေတဲ့ မြန်မာမလေး

ဒီအတွဲကိုတော့ ပရိသတ်တွေတော်တော်များများသိကြမယ်ထင်ပါတယ်။ ကောင်မလေးက မြန်မာလူမျိုး နာမည်က  Chan Chan ကောင်လေးက ရုရှားလူမျိုး နာမည်က Rostam Mgoi ပါ။ သူတို့ နှစ်ဦးရဲ့ ချစ်သူသက်တမ်းကလည်း နှစ်တွေမနည်းတော့ပါဘူး။


မြန်မာနိုင်ငံမှာအများစုကတော့ နိုင်ငံခြားသားတစ်ယောက်နဲ့ချစ်ကြိုက်ကြရင်ဝေဖန်ချင်ကြတဲ့ သူတွေကများပါတယ်။ တကယ်တမ်းတော့ ဝေဖန်စရာကိုမလိုပါဘူး။ ဖူးစာဆိုတာ ပြောလို့မှမရတာကို ကိုယ့်လူမျိုးမဟုတ်တဲ့ အခြားသူတွေနဲ့ပဲကြိုက်ကြိုက် အဓိက က တစ်ယောက်ကိုတစ်ယောက်ချစ်နေရင်ရပြီ။


သူတို့နှစ်ယောက်အတွဲဟာ တကယ်ကို ကြည်နူးစရာကောင်းပါတယ်။ ကောင်လေးကလည်းကောင်မလေးအပေါ်မှာ အနစ်နာခံသလို ကောင်မလေးကလည်း သူ့ချစ်သူကောင်လေးကို အရမ်းချစ်တဲ့ပုံ ပေါက်ပါတယ်။ ဘေးကနေသူတို့အတွဲကို ကြည့်နေတဲ့ သူတွေတောင် ပျော်စရာကောင်းပြီး အားကျစရာကောင်းပါတယ်။ နှစ်ဦးစလုံးကတော့ နိုင်ငံရပ်ခြားတွေမှာ ပညာသင်ကြားတဲ့ သူတွေပါပဲ။

ကောင်မလေးက ကောင်လေးကို သူငယ်တန်းမြန်မာစာဖတ်စာက စာတွေကို သင်ပေးတာက အတကယ်ကို ရီစရာကောင်းပါတယ်။ စာသင်ပေးနေကြတဲ့ Video လေးကိုကြည့်ပေးတဲ့ Video ကိုကြည့်ဖူးတဲ့ သူတွေကတော့ သိမယ်ထင်ပါတယ်။ တကယ့်ကိုအားကျစရာစုံတွဲလေးပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။