ကာတွန်းဇာတ်ကောင်တွေနဲ့ အပြိုင်လှနေတဲ့ Rihanna


RiRi လို့ခေါ်ကြတဲ့ Rihanna ဆိုတာ ထက်မြက်ပြီးထူးချွန်တဲ့ အဆိုတော်တစ်ယောက်သာမက စီးပွားရေးပိုင်မှာလည်း တကယ်ကိုတော်တဲ့ အမျိုးသမီးတစ်ဦးပါ။ သည့်အပြင် သူမကို တချို့တွေဆို Fashion Queen လို့တောင်ခေါ်ကြတယ်။ သူမရဲ့ Fashion ဟာ Trend ဖြစ်ရင်ဖြစ်သလို အမြဲတမ်း Update ဖြစ်နေသူတစ်ဦးပါ။ Gown နဲ့လား Free Style နဲ့လား Street Fashion လား စသဖြင့် ပုံစံတွေနဲ့ အမြဲတမ်းကျော့ရှင်းနေသူတစ်ဦးပါ။


 မကြာသေးခင်ကပဲ Rihanna ဟာ Fenty Beauty ဆိုတဲ့ Cosmetic ကို ထုတ်လုပ်ခဲ့ပြီ အဲမတိုင်ခင်မှာဆိုရင် PUMA တံဆိပ်ကိုလည်းထုတ်လုပ်ရောင်းချခဲ့ပါတယ်။ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာဆိုလည်း Fenty Puma ၂ ခုစလုံးပေါင်းပြီး ထပ်မံထုတ်လုပ်ခဲ့တဲ့ Product တွေလည်းရှိပါတယ်။


တခါတလေကျရင်လည်း Rihanna ရဲ့ Fashion ဟာ ကာတွန်းဇာတ်ကားထဲက ဇာတ်ကောင်တချို့ရဲ့ ခပ်ဆင်ဆင်ဖြစ်တတ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုအလားပဲဖြစ်မှာပါ။ ဘယ်လို Fashion မျိုးဟာ ဘယ် ဇာတ်ကောင်တွေနဲ့လဲဆိုတာ တစ်ချက်ကြည့်လိုက်ကြအောင်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။