Halloween Lover တွေအတွက် Creepy Cute Outfits ဒီဇိုင်း (၅) မျိုး

Halloween Day ကလည်း တဖြေးဖြေးနဲ့နီးလာပြီဆိုတော့ Halloween Lover တွေအတွက် Creepy ဖြစ်သွားစေမယ့် Outfits ဒီဇိုင်း (၅) မျိုးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

၁။ ချစ်စရာကောင်းတဲ့ pumpkin အင်္ကျီလေးကို ပုံထဲကအတိုင်းလေးတွဲဝတ်ပြီး၊ Boot လေးသာစီးလိုက်မယ်ဆိုရင်တော့ သင့်ကို ချစ်စရာကောင်းတဲ့ကောင်မလေးအဖြစ်နဲ့ ပြောင်းလဲသွားစေမှာပါ။

ဒီလိုပုံထဲကအတိုင်းလေးလိုချင်ရင်တော့ pumpkin အင်္ကျီလေးကို ဒေါ်လာ (၂၉) နဲ့ “Urban Outfitters” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ Bib Overall Dress လေးနဲ့ ပုံစံတူတာကိုတော့ “H&M” ကနေ ဒေါ်လာ (၂၈) နဲ့ ဝယ်ယူနိုင်ပါတယ်။ Boot လေးကိုတော့ ဒေါ်လာ (၇၉) နဲ့ “Betsey Johnson” ကနေဝယ်ယူနိုင်ပြီး၊ ချစ်စရာကောင်းတဲ့ Pumpkin Spice အိတ်လေးကိုလည်း “Betsey Johnson” ကနေ ဒေါ်လာ (၇၈) နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

၂။ ဒီ outfit ဒီဇိုင်းလေးကတော့ girly style မဝတ်ချင်တဲ့သူတွေသဘောကျမယ့် outfit လေးပါ။ Halloween Day နဲ့လည်း လိုက်ဖက်တဲ့အပြင် ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးဖြစ်စေမှာပါ။ အင်္ကျီ၊ ဘောင်းဘီနဲ့ ဖိနပ်လေးကတော့ အပြင်မှာလည်း အလွယ်တကူရှာဝယ်လို့ ရပါတယ်။

ပုံထဲကအတိုင်းလေးကိုမှ လိုချင်တယ်ဆိုရင်တော့ အင်္ကျီလေးကို ဒေါ်လာ (၂၉) နဲ့ “Urban Outfitters” ကနေ ဝယ်ယူလို့ ရပါတယ်။ ဂျင်းဘောင်းဘီအနက်ရောင်လေးကတော့ ဈေးကြီးပါတယ်။ သူ့ရဲ့တန်ဖိုးဟာဆိုရင် ဒေါ်လာ (၁၀၀) ဖြစ်ပြီး၊ “Topshop” ကနေ မှာယူနိုင်ပါတယ်။

နှင်းဆီပန်းပွင့်လေးအောက်မှာမှ ကြယ်အဖြူရောင်လေးတစ်ခုနဲ့ ဒီဇိုင်းထွင်ထားတဲ့ အနက်ရောင်ဖိနပ်လေးကိုတော့ ဒေါ်လာ (၆၉) နဲ့ “Betsey Johnson” ကနေ ဝယ်ယူနိုင်ပါတယ်။ Kitsch Webmaster Crossbody လေးကိုလည်း “Betsey Johnson” ကနေ ဒေါ်လာ (၇၈) နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

၃။ အမိုက်စားဒီဇိုင်းလေးနဲ့ ဒီ outfit လေးထဲမှာတော့ Knitted Crop Jumper အနီရောင်လေးကို ဒေါ်လာ (၆၅) နဲ့ “Topshop” ကနေ ဝယ်ယူနိုင်ပါတယ်။ Leather Skirt လေးကိုတော့ ဒေါ်လာ (၁၉) နဲ့ “T.J.Maxx” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ Wednesday's Poison Cup Bag လေးကို ဒေါ်လာ (၄၀) နဲ့ “Dolls Kill” ကနေ ဝယ်ယူနိုင်ပြီး၊ ဖိနပ်လေးကိုတော့ ဒေါ်လာ (၆၉) နဲ့ “Betsey Johnson” ကနေ ဝယ်ယူနိုင်ပါတယ်။

၄။ ဒီ outfit လေးကတော့ Halloween Party တွေနဲ့ လိုက်ဖက်တဲ့ outfit ဒီဇိုင်းလေးတစ်ခုပါပဲ။

အင်္ကျီလက်ရှည်အမဲလေးက အထဲကိုမြင်နိုင်တဲ့အပါးသားလေးပါ။ ဒါလေးကိုတော့ ဒေါ်လာ (၂၈) နဲ့ “Dolls Kill” ကနေ ဝယ်ယူနိုင်ပါတယ်။ အစိမ်းရောင်အရိုးခေါင်းပုံနဲ့ Bralette လေးကိုတော့ ဒေါ်လာ (၂၉) နဲ့ “Urban Outfitters” ကနေ ဝယ်ယူနိုင်ပါတယ်။

Metallic Skirt လေးကို ဒေါ်လာ (၁၂) နဲ့ “T.J.Maxx” ကနေဝယ်ယူနိုင်ပြီး၊ Magic Uniskelly Bag လေးကို ဒေါ်လာ (၃၅) နဲ့ “Dolls Kill” ကနေ ဝယ်ယူနိုင်ပါတယ်။ Suede knot-tie booties လေးကိုတော့ ဒေါ်လာ (၁၁၈) နဲ့ “Gap” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

၅။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ဒီ outfit လေးကတော့ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ပုံစံမျိုးကို ဝတ်ရတာ ကြိုက်တဲ့ သူတွေအတွက်ပါ။

Halloween Movies Crewneck Sweatshirt လေးကိုတော့ “Tees and Tank You” ကနေ ဒေါ်လာ (၂၈) နဲ့ ဝယ်ယူနိုင်ပါတယ်။ အနက်ရောင် dress လေးကိုတော့ ဒေါ်လာ (၄၇) နဲ့ “Kohl’s” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ Suede Platform Crush Jewel Sneakers လေးကိုတော့ ဒေါ်လာ (၁၀၀) နဲ့ “Puma” Uနေ ဝယ်ယူနိုင်ပါတယ်။ အိတ်လေးကိုတော့ ဒေါ်လာ (၃၀) နဲ့ “Typo” ကနေ မှာယူနိုင်တယ်လို့ သိရပါတယ်။






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။