နှစ်မြွှာအသည်းဇာတ်လမ်းတွဲက မင်းသမီးက တကယ်တော့ တစ်လတ်တည်းပါပဲ

Sky Net International Dram မှ အပတ်စဉ်သောကြာ၊ စနေ၊ တနင်္ဂနွေ ညနေငါးနာရီခွဲမှာ ပြသတဲ့ နှစ်မြွှာအသည်းဖိလစ်ပိုင် ဇာတ်ကားဟာ အခုဆိုရင် ဒုတိယတွဲ ကို ပြသနေပါပြီ။

အချစ်တွေအမုန်းတွေမနာလိုမှုတွေကြားကနေ ရှင်သန်လာခဲ့တဲ့ အမြွှာညီမဇာတ်ကားလေးမှာ အမြွှာညီမအဖြစ်သရုပ်ဆောင်ထားတဲ့ ခါရာနဲ့ဆာရာ ညီမနှစ်ယောက်ရဲ့ နေရာကနေ သရုပ်ဆောင်ထားတဲ့ မင်းသမီးက အပြင်မှာတစ်ယောက်တည်းပါပဲ။


ညီမနှစ်ယောက်နေရာလုံးကနေ သရုပ်ဆောင်တဲ့ ဖိလစ်ပိုင်မင်းသမီးချောလေးဟာ သရုပ်ဆောင်တာအရမ်းတော်လွန်းလို့ ဇာတ်ကားကိုကြည့်တဲ့ သူတွေကလည်း အပြင်မှာ တကယ့် အမြွာတွေလို့ထင်နေကြပါတယ်။


အခုဆိုရင်ဒုတိယတွဲက အရင်က ပထမပိုင်းထက်ပိုပြီး ကြည့်လို့ကောင်းပါတယ်။ ဇာတ်ရှိန်တွေကလည်း အရင်ကထက်ကိုပိုပြီး မြင့်လာသလို ပိုကြည့်လို့လည်းကောင်းပါတယ်။

ကဲဒီတော့ သရုပ်ဆောင်အရမ်းတော်လွန်းတဲ့ ဖိလစ်ပိုင်မင်းသမီးချောလေးအကြောင်းကိုပြောမယ်နော်။ ခါရာနဲ့ဆာရာနေရာကနေ သရုပ်ဆောင်တဲ့ ဖိလစ်ပိုင်မင်းသမီးချောလေးရဲ့နာမည်ကတော့ Julia Montes ပါ။

နာမည်အပြည့်အစုံအရင်းကတော့ Mara Hautea Schnittka ပါ။ တော်တော်များများကတော့ Julia လို့ခေါ်ကြပါတယ်။ သူမကတော့ ဖိလစ်ပိုင်လူမျိုးဆိုတော့ ဂျာမန် သွေးနည်းနည်းရောစပ်ပါတယ်။ သူမက ငယ်ငယ်ကလေးတည်းက သရုပ်ဆောင်အလုပ်တွေကို လုပ်တဲ့ ကလေးသရုပ်ဆောင်တစ်ဦးပါပဲ။

သူမအသက် ၆ နှစ်လောက်ကတည်းက သရုပ်ဆောင်အလုပ်တွေကို လုပ်ခဲ့တာပါ။
2001 ခုနှစ်ကတည်းက အခု 2017 အထိ  အနုပညာလှုပ်ရှုားမှုတွေကို နှစ်စဉ်မပြတ်လုပ်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပါပဲ။ သူမဟာ သရုပ်ဆောင်အလုပ်တွေအပြင် Model အလုပ်တွေကို လုပ်ပါသေးတယ်။

ဆုတွေကတော့ ပြောနေစရာတောင်မလိုပါဘူး။ ကလေးသရုပ်ဆောင်ကတည်းက အခုချန်ထိ နှစ်စဉ်နှစ်တိုင်းလိုလို ဆုတွေကို ရရှိဖူးတဲ့ အနုပညာရှင်ကောင်းတစ်ဦးပါပဲ။

ဒါ့အပြင် သူမက မနီလာမြို့ရဲ့ ယဉ်ကျေးမှုတက္ကသိုလ်က အနုပညာကျောင်းဆင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အနုပညာမှာ သူမဟာထူးချွန်ထက်မြက်နေတာပေါ့နော်။ ဒီတော့ သရုပ်ဆောင်အရမ်းကောင်းလွန်းတဲ့ သူမရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါ့မယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။