Joe Jonas နဲ့ Sophie Turner တို့ စေ့စပ်လိုက်ကြောင်း


Joe Jonas ဆိုတာ DNCE အဖွဲ့ရဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး Sophie Turner ကတော့ Game Of Thrones Series ထဲက Sansa Stark အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။


သူတို့နှစ်ယောက်ရဲ့ စေ့စပ်လိုက်တဲ့အကြောင်းကိုတော့ သူတို့ရဲ့ Official Instagram မှာ အောက်တိုဘာ ၁၅ ရက်နေ့က တရားဝင်ကြေငြာလိုက်ပါတယ်။  လှပစွာတဲ့ သူတို့ ၂ ယောက်ရဲ့ စေ့စပ်လက်စွပ်ဝတ်ထားတဲ့ လက်ကလေးကို ဓာတ်ပုံရိုက်ပြီး Sophie ကတော့ “I said yes” ဆိုပြီးတင်ထားသလို Joe Jonas ကလည့် “She said yes.” ဆိုပြီး ၂ ယောက်စလုံး တစ်ချိန်ထည်းမှာပဲ တူညီတဲ့ဓာတ်ပုံနဲ့ Instagram မှာ Ro ဆန်ဆန်တင်ထားကြပါတယ်။


သူတို့ ၂ ယောက်ရဲ့ Relationaship ကတော့ အရင်ကတည်းက နီးနီးကပ်ကပ်ရှိပြီးသားလို့သိရပါတယ်။ Sophie ကလည်း သူ့ Boyfriend Joe ရဲ့ အဖွဲ့ဖြစ်တဲ့ DNCE ရဲ့ တီးရှပ်လေးတွေကိုလည်း Public မှာဝတ်ဆင်ဖူးပါတယ်။  သူတို့ ၂ ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာရှိတတ်ကြတယ်ဆိုတာ မြင်တဲ့သူတိုင်းသိကြပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်တုန်းကလည်း Sophie ရဲ့ မိဘတွေနဲ့ Joe Jonas နဲ့လည်း တွေ့ဖူးကြတယ်လု့ိဆိုပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် Congratulations ပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။