Single ဖြစ်နေတဲ့အချိန်မှာ ပိုရင့်ကျက်လာတယ်ဆိုတဲ့ Katy Perry

လာမယ့် American Idol ရဲ့ Season အသစ်မှာ Host လုပ်ရမယ့် Katy Perry တစ်ယောက်ဟာ မကြာသေးခင်က ထွက်ရှိထားတဲ့ သူမရဲ့ Witness Album အတွက် Witness Tour လေးနဲ့ အလုပ်တွေရှုပ်နေပါတယ်လို့သိရပါတယ်။ ဒါ့အပြင်  ဒီအတောအတွင်းထဲမှာလည်း တခြားပွဲတက်စရာများစွာလည်းရှိတယ်လို့သိရပါတယ်။


Mardi Gras World, New Orlean ရဲ့ ပြတိုက်တစ်ခုမှာ ကျင်းပခဲ့တဲ့ The Historic Holiday မှာ Katy Perry ဟာ သူမရဲ့ လျှို့ဝှက်ချက်တချို့ကို ပရိသတ်တွေကို ပြောပြမျှဝေပေးခဲ့ပါတယ်။သူမဟာ နှလုံးသားရေးကိစ္စနဲ့ပတ်သက်ပြီးတော့ သူမရဲ့ နှလုံးသားဟာ နုနယ်နေသေးတယ်တဲ့။

ဒါ့အပြင် သူမဟာ ခုတလာ Single ဖြစ်နေတဲ့ အချိန်အတွင်းမှာ ပိုပြီးရင့်ကျက်လာတာကိုလည်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင်ကို သူမဟာ  “You know, when you’re single, you got a lot of time to yourself and a lot of energy, and I’m just finding a delicate balance.” ဆိုပြီ Single ဖြစ်နေတဲ့အချိန်မှာ ကိုယ့်အတွက်အချိန်တွေအများကြီးရှိနိုင်ကြောင်း၊ အားအင်တွေလည်းများစွာရှိနိုင်ကြောင်းနဲ့ ဒီထက်ပိုပြီးတည်ငြိမ်နိုင်မယ့် အနေအထားတခုကိုသာ ရှာဖွေနေကြောင်း ဖွင့်ဟ မျှဝေပေးခဲ့ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။