Disney မင်းသမီး (၁၂)ယောက်တို့ရဲ့ ထူးခြားချက်များ

ငယ်ငယ်တည်းက Disney ရဲ့ကာတွန်းဇာတ်လမ်းတွေ ကြည့်လာပေမယ့် သူတို့ဇာတ်ကောင်လေးတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို မသိသေးတဲ့သူတွေရှိမှာပေါ့…။ ဒါဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ မင်းသမီးလေးတွေရဲ့ ထူးခြားချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။


(၁) Cinderella ဇာတ်ကောင်နေရာမှာ နောက်ခံစကားပြောဖို့အတွက် ပညာရှင်အယောက် ၄၀၀ ကို အသံစစ်ဆေးခဲ့ပါတယ်…။

(၂) Snow White က မင်းသမီးတွေအားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး ဇာတ်လမ်းအရ ၁၄ နှစ်အရွယ်သာရှိပါသေးတယ်…။


(၃) Belle ကတော့ နီညိုဖျော့အရောင်မျက်လုံးကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော ဇာတ်ကောင်ပါတဲ့…။


(၄) အံ့သြစရာကောင်းတာကတော့ Disney ဇာတ်ကောင်ထဲမှာ ပါးချိုင့်ပါတာ Tiana တစ်ယောက်ပဲရှိပါတယ်…။


(၅) Mulan နဲ့ Tiana နှစ်ယောက်လုံးက ဘယ်သန်တွေပါတဲ့…။


(၆) Ariel မင်းသမီးလေးကတော့ လူအဖြစ်မွေးဖွားလာခြင်းမဟုတ်တဲ့ တစ်ဦးတည်းသော Disney Princess ပါ…။

(၇) Beauty and the Beast ထဲမှာ Belle က အသက် ၁၇ နှစ်ပဲရှိပါသေးတယ်…။


(၈) မျက်လုံးအိမ်အကျယ်ဆုံး မင်းသမီးလေးကတော့ Rapunzel ပါတဲ့ကွယ်..။


(၉) Brave ဇာတ်ကားထဲက Merida ဟာ ဆံပင်မွှေးပေါင်း ၁၁၁၇၀၀ ရှိပြီး ဖြောင့်လိုက်မယ်ဆိုရင် လေးပေရှည်ပါတယ်တဲ့…။


(၁၀) Rapunzel ရဲ့ဆံပင်က ပေ ၇၀ ရှည်ပြီး ညှပ်လိုက်တဲ့အခါမှာလည်း Disney မင်းသမီးလေးတွေထဲမှာ Snow White ကိုကျော်လွန်ပြီး ဆံပင်အတိုဆုံးနေရာကို ရယူခဲ့ပါတယ်…။


(၁၁) Elsa က အသက် ၂၁ နှစ်ရှိကာ ဆယ်ကျော်သက်မဟုတ်တဲ့ Disney မင်းသမီးဖြစ်ပြီး အဖွဲ့ထဲမှာ အသက်အကြီးဆုံးပါပဲ…။


(၁၂) Tiana က အလုပ်အကိုင်ရှိတဲ့ တစ်ဦးတည်းသော မင်းသမီးပါ…။