စာရွက်တွေ၊ ခဲတံတွေ နဲ့ ရွှံ့ရုပ်လေးတွေကိုအသုံးပြုဖန်တီးထားတဲ့ အပြင်လောကအတိုင်းပုံစံတူအရုပ်လေးများ

အသက် ၂၁ နှစ်အရွယ်ဟောင်ကောင် အမျိုးသား ဒဲရစ်ခ် လင်းမ် ဟာ ရုံးမှာ အသုံးပြုပြီးလွှင့်ပစ်ထားတဲ့ စာရွက်အကြမ်းတွေ၊ ဝိုင်ယာကြိုးခွေဟောင်းတွေ၊ ခဲတံချွန်စက်အသားတွေ၊ ခဲဖျက်တွေ နဲ့ ရွှံ့တုံး ( Clay ) တွေကိုအသုံးပြုပြီး အပြင်လောက က သက်ရှိလူတွေအတိုင်း ပုံစံတူအရုပ်လေးတွေကို ဖန်တီးပြခဲ့ပါတယ် ..။

“ ငြီးငွေ့စရာကောင်းတဲ့အလုပ်ခွင်ထဲက ၁၅ မိနစ်တာ အားလပ်ချိန်လေးကိုကောင်းကောင်းအသုံးချပြီး ဒါလေးတွေတော့လုပ်ဖြစ်တယ် “ လို့ လင်းမ် ကပြောပါတယ် …။

လင်းမ် အနေနဲ့ အဲဒီထက်ပိုတဲ့ ဖန်တီးမှုတွေကိုလည်းပြုလုပ်ထားတဲ့၊ ပြုလုပ်နိုင်တဲ့သူပါ ..။ စိတ်ဝင်စားလို့ သူဖန်တီးထားတဲ့လက်မှုအနုပညာတွေကို ကြည့်ချင်သပ ဆိုရင်တော့ https://www.instagram.com/marsder/ ( Derrick Lin@Instagram ) မှာ သွားရောက်လို့ကြည့်ရှုနိုင်ပါတယ် ....။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။