ယုန်သွားလေးနဲ့ ချစ်စရာကောင်းတဲ့ Yoon Eun Hye

သူမကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ကိုရီးယားမင်းသမီးတွေထဲမှာ ဖက်ရှင်ကျပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေး တစ်ဦးပါပဲ။ အနုပညာလောကထဲကို ဝင်ရောက်လာတာကလည်း တော်တော်ကို ကြာနေပါပြီ။  သူမအနုပညာလောကထဲကို စတင်ဝင်ရောက်တုန်းက မော်ဒယ်နဲ့အဆိုပိုင်းကို လုပ်တာပါ။ နောက်ပိုင်းမှာတော့ သီချင်းမဆိုတော့ပဲ သရုပ်ဆောင်ပိုင်းကို တစ်စိုက်မတ်မတ်လုပ်ရင်း အောင်မြင်မှုတွေ ရရှိခဲ့တာပါ။


နာမည်အရင်းကတော့ Yoon Eun Hye ပါ။ မြန်မာ ပရိသတ်တွေနဲ့ သူမနဲ့ စပြီး ရင်းနှီးခဲ့တဲ့ ဇာတ်ကားကတော့ ရွှေမင်းသားလေး ချစ်ပုံပြင် (၁) ဆိုတဲ့ ဇာတ်ကားလေးပါပဲ။ နောက်ပိုင်းသူမရဲ့ အနုပညာလှုပ်ရှားမှုတွေက အရင်ကထက်ကို ပိုပိုပြီးအောင်မြင်လာသလို ပရိသတ်တွေအသိဆုံပါပဲ။ ဖက်ရှင်ပိုင်းကလည်း ပြောစရာကိုမလိုပါဘူး။ ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့လည်း ဝေဖန်ခြင်းကိုမခံရသေးပါဘူး။


သူမကိုတော့ 1984 October 3 ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ ဆိုလ်းမြို့မှာမွေးဖွားခဲ့တာပါ။ အရပ်အမောင်းကတော့ 5’6” ရှိပါတယ်။ ကိုယ်အလေးချိန်အချိုးအစားကတော့ 48 Kg ရှိပြီး သွေးအမျိုးအစားကတော့ O သွေးပါ။ အရင်တုန်းက သူမရဲ့ Entertainment ကတော့ Kraze Entertainment ပါ။  သူမမှာ မွေးချင်းမောင်နှမ နှစ်ယောက်ရှိပါတယ်။ သူကမကြီးဆုံးဖြစ်ပြီး သူမရဲ့အောက်မှာတော့ မောင်လေးတစ်ဝာက်ရှိပါတယ်။


အထက်တန်းကျောင်းအနေနဲ့ Joong Kung High Schoolဖြစ်ပြီး တက္ကသိုလ်ကတော့ Tourism Management Degree မှကျောင်းသူတစ်ဦးဖြစ်ပါတယ်။ အခုဆိုရင် သူမအသက်က ၃၃ နှစ်ရှိနေပါပြီ။ ၃၃ နှစ်ဆိုပေမယ့်လည်း လှပနုပျိုနေဆဲပါ။ သူမရဲ့ဝါသနာကတော့ ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။ ဒီတော့ ယုန်သွားလေးနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါမယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။