မိန်းကလေးတွေ အမြဲသတိထားသင့်တဲ့ အချက် (၃) ချက်

မိန်းကလေးတွေအမြဲသတိထားသင့်တဲ့၊ မမေ့သင့်တဲ့အချက်လေးတွေကို သတိပေးလိုက်ပါတယ်နော်...။

(၁) ညဘက်အိပ်ရင် မိတ်ကပ်ဖျက်ဖို့မမေ့ပါနဲ့....

ညဘက်အိပ်တဲ့အခါမှာ မိတ်ကပ်ကို မဖျက်ဘဲအိပ်မိရင် မျက်နှာပေါ်မှာလိမ်းထားတဲ့ မိတ်ကပ်တွေ၊ တစ်နေကုန်ကပ်ငြိနေတဲ့ ဖုန်တွေ၊ ချွေးတွေက မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေကိုပိတ်စေပါတယ်...။ eyeliner နဲ့ mascara ကို မဖျက်ဘဲအိပ်ခြင်းက မျက်လုံးကိုယားယံတာမျိုး၊ ပိုးဝင်တာမျိုးတွေ ဖြစ်စေပါတယ်....။ အကောင်းဆုံးကတော့ အပြင်ကပြန်လာတာနဲ့ မိတ်ကပ်ကိုတန်းဖျက်ပြီး မျက်နှာသစ်လိုက်တာအကောင်းဆုံးပါ...။ ညအိပ်ရာမဝင်ခင် မိတ်ကပ်တွေဖျက်၊ မျက်နှာသစ်ပြီးရင် ရေဓာတ် (ဒါမှမဟုတ်) အစိုဓာတ်ဖြည့်ပေးတဲ့ night cream တစ်ခုခုကို လိမ်းပေးသင့်ပါတယ်....။

(၂) ကိုယ့် size နဲ့ ကိုက်ညီတဲ့၊ အသားကောင်းတဲ့ ဘရာစီယာမျိုးကိုပဲဝတ်ဆင်ဖို့မမေ့ပါနဲ့....

ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့၊ size မတူတဲ့ ဘရာစီယာကိုဝတ်ဆင်ခြင်းက ကြည့်ရတာ အမြင်ဆိုးရုံတင်မကဘူး... နောက်ကျော၊ လည်ပင်းနဲ့ ရင်သားကိုပါ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်...။ နောက်ပြီး အသက်ရှူကျပ်တာ၊ ခန္ဓာကိုယ်အနေအထားပုံမကျတာ၊ အရေပြားတွေယားပြီး အဖုတွေထွက်လာတာ၊ သွေးလှည့်ပတ်မှုမကောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်.... ။ ဒါကြောင့် ဘရာစီယာဝယ်ရင် ကိုယ့်ရင်သားနဲ့ ကိုက်ညီတဲ့၊ ကိုယ့် size နဲ့ ကွက်တိဖြစ်တဲ့၊ အသားကောင်းပြီး ဝတ်ရတာ သက်တောင့်သက်သာဖြစ်တဲ့ ဘရာစီယာမျိုးကိုပဲ ဝယ်ယူသင့်ပါတယ်....။

(၃) လှချင်တိုင်းလည်း ဒေါက်ဖိနပ်မစီးပါနဲ့....

ကိုယ်က လှချင်လို့ဒေါက်ဖိနပ်စီးပေမယ့် ကိုယ့်အတွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်ဆိုတာကိုသတိထားသင့်ပါတယ်...။ ဒေါက်ဖိနပ်စီးရင် အဖြစ်အများဆုံးကတော့ အရိုးအဆစ်ရောင်တာ၊ ခြေမ နဲ့ ခြေထောက်နာကျင်တာ၊ ခြေဖနောင့် အသားကြေတာ၊ ခါးနာတာ၊ ဇာတ်ကြောတက်တာ နဲ့ အရွတ်နာတာတွေပါပဲ...။

ဒါကြောင့် ဖြစ်နိုင်ရင် တစ်ခါတလေမှစီးတာအကောင်းဆုံးပါ... ။အမြဲစီးမယ်ဆို ကြာရင်ဒဏ်ဖြစ်သွားနိုင်ပါတယ်....။ နေ့တိုင်းစီးမယ်ဆိုရင်တော့ ဒေါက်အမြင့်ကို တစ်လက်မ၊ တစ်လက်မခွဲလောက်ပဲ စီးသင့်ပါတယ်....။