သွားတွေဝါနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီအသီးနှံ (၄) မျိုးက ကူညီပေးနိုင်မှာပါ…။

     လူတစ်ယောက်မှာအရေးကြီးဆုံးက လှပတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားဖို့ပဲဖြစ်ပါတယ်…။ လှပတဲ့အပြုံးလေးတွေဆိုတာက အပြုံးလေးတွေမှာအဓိကဖြစ်နေတဲ့ သွားလေးတွေကလည်း ဖြူဝင်းနေဖို့ကလည်း အရေးကြီးပါတယ်…။ ဒီတော့ သွားလေးတွေဝါနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်…။

     သွားတွေဝါနေတယ်ဆိုတာ အစားအသောက်နဲ့လည်းသက်ဆိုင်နေတာကြောင့် သင်ဘယ်လောက်ပဲ သန့်ရှင်းရေးတွေပဲလုပ်လုပ် အစားအစာကြောင့်သွားတွေဝါနေရင် သွားတွေပြန်ဖြူအောင် လုပ်ဖို့နည်းလမ်းတွေကို လိုက်နာဖို့ပဲလိုအပ်ပါတော့တယ်…။

၁. ပန်းဂေါ်ဖီစိမ်း…။

     ပန်းဂေါ်ဖီစိမ်းကို ချက်ပြုတ်ပြီးစားသောက်တာထက် အစိမ်းစားတာက သွားကျန်းမာရေးကို ကောင်းမွန်စေပါတယ်…။ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ အသီးအနှံတွေကို စားသုံးခြင်းက သွားတွေကိုဖြူဝင်းစေတဲ့ သဘာဝသွားတိုက်ဆေးပဲဖြစ်ပါတယ်…။ သံဓာတ်တွေပြည့်ဝစွာပါဝင်နေတာတွေကို စားသုံးပေးခြင်းက သွားတွေရဲ့အပေါ်ယံကြွေလွှာတွေကို စွန်းထင်းတာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်…။

၂. လိမ္မော်သီး…။

     လိမ္မော်သီးတွေကိုစားပြီးပြီဆိုရင်တော့ အခွံတွေကိုတော့မလွတ်ပစ်မိစေနဲ့နော်…။ လိမ္မော်သီးခွံတွေမှာ တစ်ခြားချဉ်တဲ့အသီးတွေလို အက်စစ်ဓာတ်တွေမပါဝင်တဲ့အပြင် လိမ္မော်သီးမှာလည်း သွားတွေကိုဖြူဝင်းစေတဲ့ ဗီတာမင်စီဓာတ်တွေများစွာပါဝငနေပါတယ်…။ ဒါကြောင့် လိမ္မော်သီးခွံတွေကို သေချာသန့်စင်အောင်ဆေးကြောပြီး လိမ္မော်သီးခွံရဲ့အတွင်းသားနဲ့ သွားတွေကိုပွတ်ပေးမယ်ဆိုရင်တော့ သွားတွေကိုဖြူဝင်းသန့်စင်စေပါတယ်…။

၃. စတော်ဘယ်ရီ…။

     စတော်ဘယ်ရီသီးကို မုန့်ဖုတ်ဆိုဒါနဲ့ ရောပြီးသွားတွေကိုဖြူဖွေးအောင်လုပ်ဖို့အတွက် အကောင်းဆုံးအရာပါပဲ…။ စတော်ဘယ်ရီသီးထဲမှာပါတဲ့ Malic အက်စစ်ဓာတ်က သွားတွေကိုဖြူဖွေးစေဖို့အတွက် အထောက်အကူပြုတာကြောင့် သွားတွေဖြူဖွေးချင်တယ်ဆိုရင်တော့ စတော်ဘယ်ရီသီးတွေကို ချေမွပြီး မုန့်ဖုတ်ဆိုဒါနဲ့ရောမွှေပေးရပါမယ်…။ ရလာတဲ့အနှစ်တွေကို သွားပေါ်မှာပွတ်တိုက်ပေးမယ်ဆိုရင်တော့ သွားတွေပေါ်မှာစွန်းထင်းနေတဲ့ အရောင်တွေပြေလျော့သွားပြီး သွားတွေကိုဖြူဝင်းစေမှာပဲဖြစ်ပါတယ်…။

၄. မုန်လာဥနီ…။

     မုန်လာဥနီက တစ်ကျွတ်ကျွတ်နဲ့ဝါးစားလို့ရတဲ့ အသီးအနှံဖြစ်တာကြောင့် လူတိုင်းကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်…။ ဒီလိုမျိုး လူတိုင်းကြိုက်နှစ်သက်ကြတဲ့ တကျွတ်ကျွတ်မြည်တဲ့ မုန်လာဥနီရဲ့ ကြမ်းတမ်းတဲ့မျက်နှာပြင်က သွားတွေပေါ်မှာနောက်ထပ်အစွန်းအထင်းတွေ မကျန်ခဲ့အောင်ပါ ကာကွယ်ပေးထားနိုင်ပါတယ်…။ မုန်လာဥနီကို အစိမ်းလိုက်ဝါးစားခြင်းက သွားတွေကို ပွတ်တိုက်ပေးသလိုဖြစ်ပြီး ဖြူဝင်းလာစေတဲ့အပြင် သွားတွေကိုလည်းချောမွေ့စေပါတယ်…။

Save

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။