သရက်သီးရဲ့ ကျန်းမာရေးအာနိသင် အကျိုးကျေးဇူးများ

  “အသီးမှာ သရက်၊ အသားမှာ ဝက်” ဆိုသလို သရက်သီးရဲ့ အရသာဟာ အင်မတန်ကောင်းတာကိုပဲသိကြပြီး ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေပေးနိုင်မလဲဆိုကို မေ့နေတတ်ကြပါတယ်။

အသားအရေကို စိုပြေစေခြင်း
 
သရက်သီးဟာ အသားအရေအတွက် အပြင်ပိုင်းရောအတွင်းပိုင်းပါ အသုံးဝင်ပါတယ်။ သရက်သီးဟာ ချွေးပေါက်ကျယ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဝက်ခြံတွေကိုလည်း ရှင်းထုတ်ပေးနိုင်ပါတယ်။ ချွေးပေါက်တွေ သန့်ရှင်းစင်ကြယ်သွားရင် ဝက်ခြံမထွက်တော့ပါဘူး။ ဒါကြောင့် သရက်သီးကိုမစားချင်ဘူးဆိုရင်လည်း သရက်သီးအနှစ်ကို မျက်နှာမှာ (၁၀)မိနစ်လောက် ထားပြီး ရေဆေးချပေးခြင်းအားဖြင့်လည်း မျက်နှာအသားရေကို စိုပြည်စေပါတယ်။

မျက်စိကို အားကောင်းစေပါတယ်
 
သရက်သီးစိတ် တစ်စိတ်ဟာ နေ့စဉ်လိုအပ်နေတဲ့ အမြင်အာရုံနှင့်ပတ်သက်တဲ့ ဗီတာမင်အေ ၂၅ ရာခိုင်နှုန်း ကိုပေးစွမ်းနိုင်ပါတယ်။ မျက်စိအမြင်အာရုံကိုကောင်းစေပြီး မျက်ရေခြောက်ခမ်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

အိုမင်းခြင်းကို နှေးကွေးစေပါတယ်
 
အစာကြေဖျက်ပေးတဲ့ Enzymes တွေပါဝင်တဲ့အတွက် သရက်သီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သရက်သီးထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ အစာချေဖျက်ခြင်းကို ရှင်းထုတ်ပေးနိုင်ပါတယ်။ သရက်သီးထဲမှာ Vitamin A နဲ့ Vitamin C တို့အများအပြားပါဝင်တဲ့အတွက် collagen ဓာတ်ကို ကို ထုတ်ပေးပါတယ်။ collagen က အသားအရေတင်းရင်းမှုကို အဓိကလုပ်ပေးတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အိုမင်းခြင်းကို နှေးကွေးစေပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။


ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်
 
သရက်သီးမှာပါတဲ့ ဗီတာမင် စီ နှင့် ဗီတာမင် အေ နှင့် တခြား အသီးပေါင်း ၂၅ မျိုးလောက်ဖြစ်တဲ့ မုန်လာဥနီ၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး စသဖြင့်အသီးတွေဟာ ကိုယ်ခန္ဓာစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး သင့်ကိုသန်မာစေပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အတွက်လည်း anemia လို့ခေါ်တဲ့ သွေးနီဥနည်းပါးတဲ့ရောဂါဝေဒနာရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ သင့်တော်တဲ့ပမာဏစားပေးခြင်းအားဖြင့် ကိုယ်တွင်းသွေးနီဥအရေအတွက်ကိုတိုးစေပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့လည်း သံဓာတ်အပြည့်အဝရရဖို့ကလည်း အရမ်းအရေးကြီးတဲ့အတွက် တခြားသံဓာတ်အားဆေးတွေသောက်မယ့်အစား သဘာဝသရက်သီးကို စားသုံးပေးသင့်ပါတယ်။

Cholesterol ဓာတ်ကိုလျှော့ချပေးခြင်း
 
သရက်သီးမှာပါတယ် အမျှင်ဓာတ်တွေ၊ ဗီတာမင် စီ တွေဟာ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ Cholesterol ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။