ဒီလို စိတ်ထားမျိုးရှိတဲ့ ယောက်ျားလေးနဲ့ ဘယ်တော့မှ လက်မထပ်ပါနဲ့


ဘယ်သူမဆို ကိုယ်ချစ်တဲ့ သူတွေနဲ့ အတူတူပေါင်းသင်းနေထိုင်ကြတာတွေကြီးပါပဲ။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ခြင်း၊ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်းဆိုတာ Relationship တစ်ခုမှ အရမ်းကိုအရေးကြီးပါ။ အထူးသဖြင့် အောက်ပါအချက်တွေက သင်ချစ်ရတဲ့ သူတွေမှာ ရှိနေပြီဆိုရင်တော့ သင့်ဘက်က သူ့ကို သေချာစဉ်းစားပေးဖို့ လိုနေပါပြီ။

ပွင့်လင်းမြင်သာမှုမရှိဘူး
 
သင့်ဘက်က ဘယ်လိုပဲ သူ့အပေါ်သစ္စာရှိရှိ၊ ဘယ်လိုပဲသူ့ကိုချစ်ချစ် ကိုယ့်ကို မယုံကြည်နိုင်တဲ့ ယောက်ျားတစ်ယောက်က ကိုယ့်ကိုအမြဲတမ်း ဒီဟာ မလုပ်နဲ့ ဟိုလာမလုပ်နဲ့ဆိုပြီး ချုပ်ချယ်နေမှာပဲ။ ဒီအခြေအနေဟာ အမြဲတမ်းဖြစ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို သူမှမယုံကြည်တာ။ ကိစ္စသေးသေးလေးတွေကအစ သင့်ကို ချုပ်ချယ်လိမ့်မယ်။ သူ့ရဲ့ လုပ်ရပ်တွေက အခြေအနေဆိုးလာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဲလို ယောက်ျားလေးမျိုးတွေဟာ သင့်ဘဝကို ဖျက်စီးနိုင်ပါတယ်။ ချုပ်ချယ်တယ်ဆိုတာ သူ့နေရာနဲ့သူတော့ရှိရမယ် မှတ်လား။ လိုတာထက်ပိုနေရင်တော့ သူနဲ့ လက်ထပ်ဖို့ သင်သေချာစဉ်းစားဖို့လိုပါတယ်။


တိရစ္ဆာန်တွေကို မုန်းတာ
 
တိရစ္ဆာန်တွေကိုမုန်းတဲ့ ယောက်ျားတွေက သူတို့ကိုယ်တိုင်ကိုယ်က တိရစ္ဆာန်ဖြစ်နေတာတဲ့။ သူတို့မှာ မျှဝေခံစားတတ်တဲ့ စိတ် ကင်းမဲ့သူတွေဖြစ်တယ်။ တချို့က တိရစ္ဆာန်တွေအနားကပ်ရင်ယားတယ်ပေါ့။ ယားတာက ရောဂါတစ်မျိုးပါ။ တိရစ္ဆာန်ကို အင်မတန် မုန်းနေရင်တော့ မေးခွန်းထုတ်စရာတစ်ခုဖြစ်သွားပြီ။


Relationship ရဲ့စည်းမျဉ်းစည်းကမ်းတွေက သူ့အတွက် ဘာမှမဟုတ်ဘူး

ဘယ် Relationship မှာမဆို တစ်ယောက်နဲ့တစ်ယောက် ချစ်သူသက်တမ်းခိုင်မာဖို့အတွက် Rules တွေထုတ်ထားကြတာ ရှိမှာပဲ။ ဥပမာပေါ့ - ကိုယ့်ချစ်သူကောင်လေးက ရည်းစားကိစ္စ မရှုပ်ရဘူး၊ အရက်မသောက်ရဘူး၊ ဆေးမချရဘူး... စသဖြင့် မကောင်းတာတွေပေါ့။ အဲဒါတွေကိုယောက်ျားဘက်က သူ့အတွက် ဘာမှအရေးမကြီးဘူး။ အဲ Rules တွေကို မလိုက်နာနိုင်ဘူးဆိုရင်တော့ သူနဲ့ ရှေ့ဆက်ဖို့ ကိစ္စ သင့်ဘက်က သေချာစဉ်းစားဖို့လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ လက်ထပ်ယူကြပြီးမှာ ဖောက်ပြန်ကြတယ်ဆိုရင်တော့ နှစ်ဖက်စလုံးအတွက် နစ်နာရမယ့်ကိစ္စမျိုး ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 


ကတိဖျက်တာ
 
သူ့ဘက်က သင့်အပေါ် ကတိခဏခဏဖျက်တယ်ဆိုရင်တော့ သေချာတယ် သင့်ကို အရူးလုပ်နေတာ။ သူက သင်ဘာတွေပဲပြောပြော သင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စိတ်မဝင်စားတာ။ ဒါကြောင့် သူက ကတိတွေဖျက်တာ။ တစ်ကြိမ်တစ်ခါဆိုရင်တော့ ခွင့်လွတ်ပေးနိုင်ပါတယ်ဆိုပေမယ့် အကြိမ်ရေများလာရင်တော့ သူနဲ့ ပေါင်းသင်းနေထိုင်ဖို့ သင် သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။


ဘယ်ကိစ္စမဆို သင့်ကို ဦးစားမပေးတတ်တာ
 
Relationship တစ်ခုမှာ အပေးအယူဆိုတာ ရှိရမှာပါ။ သင့်ဘက်ကပဲ ပေးဆပ်နေရတယ်ဆိုရင်တော့ ဒါဟာ အလွန်စိတ်ဆင်းရဲစရာကောင်းဖြစ်လာပါလိမ့်မယ်။ အသွားအပြန်မရှိတဲ့ ဆက်ဆံရေးတစ်ခုမှာ သင့်ကို နောင်တရစေမှာဖြစ်တဲ့အတွက် အဲလို ယောက်ျားမျိုးကို လက်မထပ်ခင် သေချာစဉ်းစားပါ။


ဆင်ခြေ အင်မတန်ပေးတာ
 
ဆင်ခြေဆိုတာ “ငါအရေးကြီးလုပ်စရာကိစ္စရှိလို့။ မင်းဘာမှလည်းမသိဘူး။” အဲလိုပြောလိုက်ရင်။ အော်အင်းပေါ့။ အရေးကြီးကိစ္စဆိုတော့လည်း ခွင့်လွှတ်ပေးနိုင်ရမှာပါ။ ဒါပေမယ့် အရေးတဲ့ကိစ္စတွေကြီးပဲ အပ်ကြောင်းထပ်နေပေမယ့် ဘာအဓိပ္ပါယ်မှ မရှိဘူးဆိုရင်တော့ သင့်ရဲ့တန်ဖိုးရှိလွန်းတဲ့အချိန်တွေကို သူနဲ့ ဖြုန်းမနေနဲ့တော့။ ရှေ့ဆက်ဖို့ကိစ္စတွေ သေချာစဉ်းစားဖို့ လိုအပ်နေပါပြီ။


ခဏခဏရန်ဖြစ်တာ
 
Relationship တစ်ခုမှာ ရန်ဖြစ်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ပုံမှန်ထက် အမြဲတစေ ရန်ဖြစ်နေလို့ရှိရင်တော့ မကောင်းပါဘူး။ ဘဝမှာ ညှိနှိုင်းလို့ရတဲ့ကိစ္စတွေအများကြီးပါပဲ။ ကိုယ့်ရဲ့ အမြင်ကို သူ့ဘက်က နားမထောင်ဘူးလက်မခံနိုင်ဘူးဆိုရင် သူပြောတာကို လက်ခံလိုက်။ သေချာတာတခုက သူက သင်ပြောတာတွေကို သေချာနားမလည်တဲ့အပြင် စိတ်ဝင်စားခြင်းမရှိတဲ့အတွက်ဖြစ်ပါတယ်။


လူလိမ်

တချို့လူလိမ်တွေက သင့်ကို ကောင်းတဲ့ စကားတွေနဲ့ပဲ အချိုသတ်ပါတယ်။ ဒါပေမယ့် အမှန်တရားဆိုတဲ့အရာမျိုးက ဖုံးကွယ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ မကြာခဏ လိမ်လည်လှည့်ဖျားနေတယ်ဆိုရင်တော့ သင်တို့ရဲ့ RS ကိုလည်း ထိခိုက်စေတဲ့အပြင် ပျက်စီးစေနိုင်ပါတယ်။


ကိုယ်ထိလက်ရောက် စော်ကားတာ

 သင့်ကို တကယ်ချစ်ရင် ဘယ်ယောက်ျားကမှ ကိုယ်ထိလက်ရောက်မစော်ကားဘူး။ ပါးစပ်နဲ့ပြောပြီးဖြေရှင်းလို့ရမယ့် ကိစ္စတွေအများကြီးပါ။ တစ်ခုတော့ သိထားပါ ကိုယ့်ဒေါသကို လုံးဝမထိန်းနိုင်တဲ့ ယောက်ျားမျိုးနဲ့ လက်ထပ်ခြင်းဟာ သင့်ဘဝရဲ့ အမည်းစက်ကြီးတစ်ခုဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ သင်လည်း အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်တော့မယ်ဆိုရင်တော့ ကိုယ့်ချစ်သူရဲ့ စိတ်နေစိတ်ထားကို ပွင့်ပွင့်လင်းလင်း သေချာသိဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ ကိုယ်နဲ့ တစ်သက်လုံးပေါင်းရမယ့်သူ ဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ချစ်တဲ့သူတိုင်း ပေါင်းနိုင်ကြပါစေလို့ဆန္ဒပြုရင်း………။