2017 မှာလူကြိုက်များခေတ်စားလာမယ့် အိတ်ဒီဇိုင်းတွေကဘာတွေဖြစ်မလဲ

     ဖက်ရှင်ရေစီးကြောင်းကတဖြည်းဖြည်းနဲ့ ပြောင်းလဲလာတတ်ကြပါတယ်…။ တစ်နှစ်နဲ့တစ်နှစ်လည်း ဖက်ရှင်ဒီဇိုင်းတွေကမတူပဲ ပြောင်းလဲလာပါတယ်…။ ဖက်ရှင်မှာဆိုရင် ဒီနှစ်အတွက်ဘာအရောင်က ခေတ်စားမလဲ၊ ဘယ်လိုအင်္ကျီဒီဇိုင်းက ခေတ်စားလာမလဲ။ ဖိနပ်၊ အိတ်စတာတွေကလည်း သူ့ဖက်ရှင်နဲ့သူပြောင်းလဲနေကြတာပါပဲ…။ ဒီတစ်ခါမှာတော့ ၂၀၁၇ အတွက်ခေတ်စားပြီး လူကြိုက်များလာမယ့် အိတ်တွေကိုဖော်ပြပေးလိုက်ပါတယ်…။ ခေတ်မှီအောင် ဝယ်စုလိုက်အုန်းနော်။

     ပခုံးကြိုးကို ကျစ်ဆံမြီးကျစ်ထားတဲ့အတိုင်းပြုလုပ်ထားတဲ့ အတွက်ဒီဇိုင်ကဆန်းပြီး လူကြိုက်များလာမှာပါ…။
Mulberry ကထုတ်လုပ်ထားပြီး ဒီဇိုင်းနာမည်ကိုတော့ Statement Straps လို့နာမည်ပေးထားပါတယ်…။

     လက်ကိုင်အိတ်ကြိုးကို ကွင်းဆက်ပုံစံမျိုးပြုလုပ်ထားပြီး ရောင်စုံပုံစံလေးတွေကြောင့် တစ်မျိုးဆန်းပြီးလှပပါတယ်…။ ဒီအိတ်ကိုတော့ Anya Hindmarch  ကထုတ်လုပ်တာပဲဖြစ်ပါတယ်…။

     အိတ်ရဲ့လက်ကိုင်ကို Chain ကြိုးတွေနဲ့ပြုလုပ်ထားပါတယ်…။ ဒီဇိုင်းကိုတော့ Alexander Wang မှထုတ်လုပ်ထားတာပဲဖြစ်ပါတယ်…။

     ဒီအိတ်လေးရဲ့ လက်ကိုင်ဒီဇိုင်းလေးကတော့ အမွှေးလေးတွေနဲ့ပြုလုပ်ထားပြီး Fendi ကထုတ်လုပ်ထားတာပဲဖြစ်ပါတယ်…။

     နောက်ထပ်ဒီဇိုင်းတစ်ခုကတော့ လက်ကိုင်အိတ်သေးသေးလေးတွေပါပဲ...။ သေးသေးလေးမှ တစ်ကယ်ကိုသေးသေးလေးတွေပါ…။ ဖုန်းတောင်ထည့်လို့မရပဲ ပိုက်ဆံလောက်ပဲထည့်လို့ရတဲ့ အိတ်လေးတွေဖြစ်ပါတယ်…။ သင့်စိတ်ထဲမှာတော့ အိတ်သေးသေးလေးတွေ ဘာလုပ်မှာလဲလို့တွေးမိပါလိမ့်မယ်…။ ဒါပေမယ့် သင်မြင်လိုက်ရင်တော့ တကယ်ကိုလိုချင်သွားမှာပါ…။  အိတ်အမျိုးအစားကိုတော့ Micro Bags လို့သတ်မှတ်ထားပါတယ်…။

     ဒီအိတ်လေးကတော့ Fendi ကနေထုတ်လုပ်ထားတာဖြစ်ပါတယ်…။ ဒီဇိုင်းပိုင်းကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ဆန်းနေပါတယ်…။

     ဒီအိတ်လေးဆိုရင်လည်း ဒီဇိုင်းပိုင်းရော သပ်ရပ်ပြီးချစ်စရာကောင်းနေပါတယ်…။ ဒီအိတ်လေးကိုတော့ Coach ကထုတ်တာပဲဖြစ်ပါတယ်…။

     ဒီအိတ်လေးကတော့ Tory Burch ကထုတ်လုပ်ထားပြီး Floral ဒီဇိုင်းလေးနဲ့ထုတ်လုပ်ထားပါတယ်…။ ကြည့်လိုက်တာနဲ့ချစ်စရာကောင်းပြီး လိုချင်စရာကောင်းနေပါတယ်…။

     ဒီအိတ်လေးကတော့ Mulberry ကထုတ်လုပ်ထားတာဖြစ်ပြီး အဝိုင်းပုံလေးပြုလုပ်ထားတာပါ…။
အိတ်တွေအများကြီးလွယ်တာကလည်း ဖက်ရှင်တစ်ခုလိုဖြစ်လာပါတယ်…။

     ဒီအိတ်ကိုတော့ Gucci ကထုတ်လုပ်ထားတာပဲဖြစ်ပါတယ်…။

     ဒီအိတ်လေးကိုတော့ Coach ကထုတ်လုပ်ထားတာဖြစ်ပြီး အိတ်ရဲ့အပြင်ဘက်မှာ အိတ်သေးသေးလေးတစ်လုံးလည်း ပါဝင်တာကြောင့် ဒီဇိုင်းလေးကပိုပြီးလှပသွားပါတယ်…။