ကြက်သွန်နီတစ်လုံးသုံးပြီး ဆံပင်ပြန်ကောင်းအောင်လုပ်မယ်

ဆံပင်နှစ်ခွဖြစ်နေတာတွေ၊ ဆေးဆိုးထားလို့ ပျက်စီးနေတာတွေ နဲ့ အရှည်နှေးလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းလေးတစ်ခု ပြောပြပေးချင်ပါတယ်...။ အိမ်မှာပဲ ကြက်သွန်နီ တစ်လုံးရှိရုံနဲ့ အလွယ်တကူ Treatment လုပ်လို့ ရပြီပေါ့နော်...။

၁. ကြက်သွန်နီတစ်လုံးကိုယူ.. ထိပ်နဲ့ အောက်ပိုင်းကို ဖြတ်ပါမယ်။ ပြီးရင်ကြက်သွန်နီကိုအခွံ နွှာပါမယ်။
၂. အခွံ နွှာထားတဲ့ကြက်သွန်နီကို သစ်သီးခြစ်တဲ့ ဂျစ်ကလေးနဲ့ခြစ်ပါမယ်။
၃. ခြစ်ထားတဲ့ကြက်သွန်နီလေးကို ဇကာလေးထဲခြစ်ပြီးဇွန်းနဲ့ပြန်ချေပါမယ်။ (ဥပမာ.ငပိရည်ကျိုစစ်တဲ့ဇကာမျိုးပါ)
၄. ချေပီးထွက်လာတဲ့ကြက်သွန်နီအရည်လေးတွေကိုထည့်စရာတစ်ခုခုနဲ့ခံထားပေးပါ။
၅. ရလာတဲ့ကြက်သွန်နီအရည်ထဲကို သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ထည့်ပြီး မွှေလိုက်ပါမယ်။
၆. ပြီးသွားရင်တော့သင့်ရဲ့လက်ငါးချောင်းကိုအသုံးပြုပြီးပျက်စီးနေတဲ့သင်ရဲ့ဆံပင်သားတွေ စက္ကန့်(၃၀)ထိလိမ်းထားပြီးရင် ရေအေးအေးလေးနဲ့ပြန်လည်ဆေးကြောပေးပါက ထူးခြားတဲ့ရလဒ်တွေထွက်ပေါ်လာပါလိမ့်မယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။