သင့်ကို အစာအဆိပ်သင့်စေတဲ့ အစားအစာများ

     ကျန်းမာရေးဌာနတွေကနေ ပြောပြချက်အရ ကမ္ဘာပေါ်မှာအစာအဆိပ်သင့်သူဟာ တစ်နှစ်မှာ ပျှမ်းမျှလူဦးရေ ၇၆မီလီယံလောက်က အစာအဆိပ်သင့်မှုခံစားရပြီး လူဦးရေ ၅၀၀၀ လောက်က ဒီရောဂါနဲ့ သေဆုံးကြရပါတယ်…။ အစာအဆိပ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေများစွာရှိပါတယ်…။ အစားအစာမှာပါတဲ့ ဘက်တီရီးယား၊ အဆိပ်အတောက်နဲ့ ဓာတုဗေဒပစ္စည်း စတာတွေကြောင့် အစာအဆိပ်သင့်တာများပါတယ်…။ အစားအစာမှာပါဝင်တဲ့ ဘက်တီရီးယားတွေကလျင်မြန်စွာ ပေါက်ဖွားနိုင်ပါတယ်…။ ဒါကြောင့် သင်အစားစာတွေကို ချက်ပြုတ်မစားပါက အစာအဆိပ်ဖြစ်နိုင်ဖို့ပိုများပါတယ်…။ ဒါကြောင့်ဘယ်အစားအစာတွေကို ဘယ်လိုချက်ပြုတ်ပြီး စားသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…။

အသီးအရွက်
     ဟင်းသီးဟင်းရွက်တွေက မြေကြီးမှာပေါက်ရောက်တာကြောင့် ဘက်တီးရီးယားတွေ များစွာပါဝင်လာနိုင်ပါတယ်…။ မြေကြီးမှာပေါက်တဲ့အတွက်ကြောင့် ညစ်ပတ်နေတာမျိုးလည်းဖြစ်တတ်ပါတယ်…။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကိုစားသုံးတော့မယ်ဆိုရင် ရေနဲ့သေချာဆေးကြောစေချင်ပါတယ်…။ ရေနဲ့ဆေးကြောလိုက်ရင်တောင်မှ အကုန်လုံးသန့်စင်မသွားနိုင်သေးပါဘူး…။ ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးတုန်းက အားဆေးဖြန်းထားတဲ့ ဓာတုဗေဒပစ္စည်းတွေက ဟင်းသီးဟင်းရွက်တွေမှာ ကပ်ပါနေနိုင်ပါတယ်…။ ရိုးရိုးရေဖြင့် ဆေးတာထက်စာရင် ဆားရည်လေးနဲ့ စိမ်ထားပြီး ဆေးတာကပိုပြီးကောင်းပါတယ်။ ဆားမှာက ဓာတုဗေဒဆေးတွေလိုအဆိပ်အတောက်မျိုးကို ပြေစေတဲ့သတ္တိရှိလို့ပါ။ဒါတွေကိုဂရုမပြုမိပဲစားသုံးမိပါက သင့်ကိုအစာအဆိပ်သင့်စေပါတယ်…။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကိုစားသုံးတော့မယ်ဆိုရင် ရေနဲ့သေချာ စင်ကြယ်အောင် ဆေးပြီးမှ စားသုံးသင့်ပါတယ်။

ကြက်ဥ
     ကြက်ဥက အစားစားတဲ့အခါမှာလွယ်ကူသက်သာစွာနဲ့ ချက်ပြုတ်နိုင်တဲ့ အစားစာတစ်ခုပါ…။ ကြက်ဥကိုကြော်ပြီးစားတဲ့အခါမျိုးမှာဆိုရင် အချိန်ကုန်သက်သာပြီး လွယ်ကူတာကြောင့် လူတော်တော်များများက ကြက်ဥကိုစားသုံးကြပါတယ်…။ ကြက်ဥကိုစားတဲ့အခါမှာလည်း သင့်ကိုအစာအဆိပ်ဖြစ်စေတယ်ဆိုတာရော သင်သတိထားမိရဲ့လား…။ ကြက်ဥမှာပါဝင်တဲ့ ဘက်တီးရီးယားတွေက ကြက်ဥအကာကိုရော အနှစ်ကိုရောညစ်ညမ်းစေပါတယ်…။ ညစ်ပတ်နေတဲ့ကြက်ဥဆိုပြီး မျက်စိနဲ့လည်းမမြင်နိုင်ပါဘူး…။ အနံ့ရော အရသာရောလည်းမရနိုင်ပါဘူး…။ ဒါကြောင့် သင်ကြက်ဥကိုဝယ်လာပြီဆိုတာနဲ့ ရေနဲ့သေချာစွာဆေးပြီး ရေခဲသေတ္တာထဲကိုထည့်ထားပေးသင့်ပါတယ်…။ တစ်ချို့တွေကကြက်ဥကိုစားတဲ့အခါမှာ မကျက်တကျက်ကိုစားတာများပါတယ်…။ မလုပ်သင့်သင့်ပါဘူး…၊ ကြက်ဥမှမဟုတ်ပါဘူး တခြားအစားစာတွေကိုလည်း မကျက်ပဲစားသုံခြင်းမပြုဖို့ ကျန်းမာရေးဌာနတွေက သတိပေးထားပါတယ်…။

ပဲပင်ပေါက်
     ပဲပင်ပေါက်က စိုစွတ်တဲ့ပူနွေးတဲ့ နေရာတွေမှာပေါက်တာများပါတယ်…။ ဒီလိုပေါက်ရောက်တဲ့အခါမှာ ဘက်တီရီးယားများစွာက ပဲပင်ပေါက်မှာကပ်တွယ်လာနိုင်ပါတယ်…။ ပဲပင်ပေါက်တွေ ပေါက်ရောက်တဲ့နေရာကြောင့် ပဲပင်ပေါက်တွေကို သန့်စင်သွားအောင်ဆေးကြောပေမယ့်လည်း ဘက်တီးရီးယားတွေက မကုန်စင်သွားနိုင်ပါဘူး…။ ဒါကြောင့်ပဲပင်ပေါက်ကိုအစိမ်းစားတဲ့အခါမှာ သင့်ကိုအစာအဆိပ်ဖြစ်စေမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ သွေးအားနည်းနေတဲ့သူတွေ မစားသင့်ပါဘူး…။ စားသုံးမယ်ဆိုရင်တောင် ရေနဲ့အခါခါဆေးပြီး ကျက်သွားလောက်အောင် ကြော်ချက်သင့်ပါတယ်…။