Kylie နဲ့ Kendall တို့ရဲ့ Collection ဖြစ်တဲ့ ဖိနပ် Design ထွက်ရှိလာ

သူတို့ရဲ့Fan တွေအတွက်တော့တကယ့်ကို စိတ်လှုပ်ရှားနေကြတယ်လို့မြင်မိပါဘူး။ အရင်တုန်းကဆို Kendall ကသက်သက် Kylie က သက်သက် Collection တွေများစွာထုတ်ရှိခဲ့ကြပေမယ့် ခုလိုပေါင်းပြီးထုတ်တာက ပရိသတ်တွေ အားပေးမှုများစွာရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Trend ဖြစ်နေတဲ့ အရာတွေကို Kylie နဲ့ Kendall တို့ကို အသိဆုံးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် သူတွေဟာ လည်း လူငယ်တွေထဲကပဲလေ။ ပြီးတော့ Fashion ပိုင်းမှာလည်း တကယ်ကို Ideal ထားရလောက်တဲ့ သူတွေဆိုတော့ ခုထွက်ရှိလာမယ့် Collection အတွက်လည်း အောင်မြင်မှာပါ။

ဒီ ဖိနပ် Collection ကိုတော့ Kendall  ဟာ အင်္ဂါနေ့ညတုန်းက Nordstrom မှာ ကြေငြာခဲ့ပါတယ်။ ရရှိမယ့် အရောင်တွေကတော့ အဖြူ၊ အနက်၊ အသားရောင်၊ အညို အရောင် (၄) မျိုးရရှိနိုင်မှာပါ။ ဈေးနှုန်းကတော့  $125 ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ထွက်မယ့် Date အတိအကျကိုတော့ မသိသေးပေမယ့် အားပေးမယ့် Fans တွေကတော့ အများအပြားစောင့်နေပါပြီနော်။







we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။