Gigi Hadid ရဲ့ Bio နဲ့ သူမရဲ့ပုံရိပ်များ

Gigi ကို ၁၉၉၅ ခုနှစ်၊ဧပြီ ၂၃ရက်နေ့ Los Angeles, California, USA မှာမွေးဖွားခဲ့တာပါ။ Gigi ရဲ့မိဘတွေက “Yolanda Hadid” နဲ့ “Mohamed Hadid” ဖြစ်ပြီး Gigi ရဲ့နာမည်ရင်းကတော့ “Jelena Noura Hadid” ပါ။

ဘာကြောင့် Gigi လို့ခေါ်တွင်ခဲ့လဲဆိုတော့ သူမကျောင်းတက်တဲ့အချိန် ပထမတန်း၊ ဒုတိယတန်းလောက်က သူမရဲ့သူငယ်ချင်းနဲ့ပေါင်းပြီး စိတ်ရှုပ်စရာ၊ ခေါင်းခြောက်စရာတွေလုပ်လို့ ၊ ဆရာမက Jelena မှာ nickname မရှိဘူးလားလို့ သူ့အမေကိုမေးတော့ Gigi အမေက တစ်ခါတစ်လေသူ့ကို ချစ်စနိုးနဲ့ Gigi လို့ခေါ်ပါတယ်လို့ပြောခဲ့ရာကနေ
“Gigi Hadid” ဆိုပြီးဖြစ်လာခဲ့တာပါတဲ့.....။

Gigi က မော်ဒယ်အလုပ်ကို အသက် ၂ နှစ်အရွယ်ထဲက Baby Guess, Guess Kids Brand နဲ့စတင်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ မော်ဒယ်အလုပ်ကိုခဏရပ်ပြီး ကျောင်းစာဘက်ကို ပြန်ဦးစားပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ပြန်လည်လုပ်ဆောင်ခဲ့ပြီး IMG Models မှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဒါ့အပြင် Virgin Eyes လို့ခေါ်တဲ့ ဇာတ်လမ်းတိုလေးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ကျောင်းမှာဆိုလဲ Gigi က ဘော်လီဘောအသင်းရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သလို၊ မြင်းစီးပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့သူပါ။ ၂၀၁၂ ခုနှစ် မှာတော့  “Malibu High School” ကနေဘွဲ့ရရှိခဲ့ပါတယ်။

အရပ် ၅ပေ ၁ဝလက်မ ရှိတဲ့ Gigi က ရွှေရောင်ဖျော့တဲ့ ဆံပင်နဲ့ စိမ်းပြာရောင် မျက်လုံးကိုပိုင်ဆိုင်ထားသူပါ။

Gigi မှာ “Bella Hadid” နဲ့ “Anwar Hadid” လို့ခေါ်တဲ့ ညီမနဲ့မောင်လည်းရှိပါသေးတယ်။ သူတို့နှစ်ယောက်လုံးကလည်း သရုပ်ဆောင် နဲ့ မော်ဒယ်တွေပါပဲ။

၂၀၁၅ ဇန်နဝါရီလမှာတော့ Gigi ဟာ “Daily Front Row” ရဲ့ Model of the Year ဆုကိုရရှိခဲ့ပြီး “Maybelline” ရဲ့ Brand Ambassador တစ်ဦးလဲ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ဒီဇင်ဘာမှာလည်း “Victoria Secret Fashion Show” မှာ ပထမဆုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

Gigi ဟာဆိုရင် ကမ္ဘာကျော်ဒီဇိုင်နာတွေရဲ့ fashion show, fashion week တော်တော်များများမှာလည်း ပါဝင်ခဲ့ရသူပါ။ ၂၀၁၆ ဇန်နဝါရီ မှာတော့ ဒီဇိုင်နာ “Tommy Hilfiger” အတွက် သူမက “Global Brand Ambassador” ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး “Reebok Brand Ambassador” တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။

၂၀၁၆ ဒီဇင်ဘာမှာကျင်းပတဲ့ “Victoria Secret Fashion Show” မှာလည်း Gigi က ဒုတိယအကြိမ် ထပ်ပြီးပါဝင်ခဲ့ရပါတယ်။ ဒီဇင်ဘာလထဲမှာပဲ တစ်ခါထပ်ပြီး “British Fashion Awards” ကပေးတဲ့ “International Model of the Year” ဆုကိုရရှိခဲ့ပါတယ်။