ခြင်ကိုက်ဖုလေးတွေကို သက်သာပျောက်ကင်းအောင် ဘယ်လိုကုသမလဲ

ခြင်တွေက လူရဲ့သွေးကိုစုပ်ယူဖို့အတွက်ပဲ ကိုက်ကြတာမို့ ခြင်ကိုက်ဖုအများစုကတော့ အန္တရာယ်ကင်းပါတယ်...။ ဒါပေမယ့် အဲ့လိုကိုက်ခံရပြီးတာနဲ့ အကိုက်ခံရတဲ့နေရာက ဖူးရောင်ပြီး အဖုလေးဖြစ်လာတယ်...။ ပြီးရင် ယားလာတယ်.... ယားတော့ စိတ်တွေရှုပ် စိတ်တွေတိုပြီး ထပ်ကုပ်နဲ့ နောက်ဆုံး အနာတွေဖြစ်လာတတ်တယ်လေ....။

ဒီတော့ ခြင်ကိုက်ခံရတဲ့ အဖုလေးတွေကို ဘယ်လိုပျောက်ကင်းသက်သာအောင် လုပ်ရမလဲဆိုတဲ့နည်းလေး ပြောပြပေးပါမယ်...

1. Oatmeal

Oatmeal က ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်...။ ဘာလို့လဲဆိုတော့ သူ့မှာက special compounds ပါဝင်ပြီး စိတ်ကသိကအောက်မဖြစ်အောင်ထိန်းချုပ်ပေးနိုင်ပါတယ်....။
လုပ်ရမယ့်ပုံစံကတော့...  ပန်းကန်လုံးတစ်လုံးထဲမှာ Oatmeal paste နဲ့ ရေကို ဆတူရောပြီး ပျစ်သွားအောင်မွှေပေးရမှာပါ။ပျစ်သွားပြီဆိုရင် ဇွန်းနဲ့ခပ် ၊ အဝတ်သန့်တစ်ခုထဲထည့်ပြီး ကြပ်ထုပ်ထိုးသလို အကိုက်ခံရတဲ့နေရာပေါ်တင်ပြီး ဆယ်မိနစ်လောက်ထားပေးပါ....။ တကယ်လို့ အကိုက်ခံရတာအရမ်းများတယ်ဆိုရင် Oatmeal နဲ့ရေချိုးချလိုက်ပါ... ။Bathtub ထဲကို ရေနွေးအပြည့်ဖြည့်ထားပြီး Oatmeal ကို ဖန်ခွက်တစ်ခွက်စာ (ဒါမှမဟုတ်) Ground Oats ဖန်ခွက်တစ်ခွက်စာကို အပေါ်ကနေဖြူးပေးလိုက်ပါ... ။ပြီးရင်အဲ့ထဲမှာ မိနစ်နှစ်ဆယ်လောက် ဝင်စိမ်ပြီး အကိုက်ခံရတဲ့နေရာတွေကို ပွတ်နေလိုက်ပါ....။

2. Crushed Ice

Cold temperature က အသားအရေဖူးရောင်ခြင်းနဲ့ နီရဲခြင်းတွေကို လျော့ကျစေပါတယ်... ။အအေးဓါတ်က အရေပြားကို ထုံစေတယ်... ။ဘယ်အရာက ချက်ချင်းသက်သာစေမလဲဆိုရင် ဒီတစ်ခုကတော့ အချိန်တိုအတွင်းမှာ သက်သာစေမယ့်နည်းပါ... ။cold pack (ဒါမှမဟုတ်) အိတ်တစ်ခုထဲ crushed ice တွေအပြည့်ဖြည့်ပြီး ခြင်ကိုက်ခံရတဲ့နေရာတွေမှာ ကပ်ပေးတာက ယားယံခြင်းတွေကို သက်သာစေတယ်လို့ Mayo Clinic က recommends ပေးထားပါတယ်... ။ ရေခဲကိုအကြာကြီးကပ်ပေးတာက အရေပြားကိုပျက်စီးစေလို့ အကြာကြီးကပ်ပေးဖို့တော့ မလိုပါဘူး။ ဒါမှမဟုတ်လဲ ရေခဲနဲ့ အရေပြားတိုက်ရိုက်မထိတွေ့အောင် ကြားထဲမှာအဝတ်သန့်တစ်ခုကို အကာအကွယ်အဖြစ်နဲ့ထားပြီးလုပ်ပေါ့...။

3. Honey

ပျားရည်မှာက anti-bacterial နဲ့ anti-inflammatory ဂုဏ်သတ္တိတွေအများကြီးပါဝင်ပါတယ်....။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ဆေးပညာသမိုင်းမှာထဲက ပျားရည်ကို Ailments နဲ့ Bites အတွက်အသုံးများကြတာပါ... ။ပျားရည်တစ်စက်က အကိုက်ခံရလို့ ဖြစ်လာတဲ့ ယားယံမှုတွေကို သက်သာစေပါတယ်...။

4. Aloe Vera

ရှားစောင်းလက်ပက်က အရေပြားအနီပိမ့်တွေထတာ နဲ့ ရေယုန်ဖြစ်တာတွေအပြင် ဝမ်းချုပ်၊ ဓာတ်ချုပ်တာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်...။ သူ့ရဲ့ gel လေးမှာက anti-inflammatory တွေပါဝင်ပါတယ်...။ နောက်ပြီး သိပ်အရေးမကြီးတဲ့ အနာရောဂါတွေနဲ့ ကူးစက်ရောဂါတွေကို ပျောက်ကင်းဖို့ကူညီပေးနိုင်တယ်...။ ကြမ်းပိုးကိုက်ခံရတာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်... ။လုပ်ရမယ့်ပုံက ရှားစောင်းလက်ပက်ပင်ထဲက gel လေးကိုယူပြီး အကိုက်ခံရတဲ့နေရာမှာ လိမ်းပေးရမှာပါ...