သင့်ကို ရေထဲမဆင်းရဲတော့လောက်အောင် ကြောက်သွားစေမယ့် ငါးမန်းကားများ…။

     ကလေးကအစ လူကြီးတွေထိအောင် ငါးမန်းကားများကို စိတ်ဝင်စားပြီး ကြိုက်နှစ်သက်ကြမယ်လို့် ထင်ပါတယ်…။ ငါးမန်းကားတွေက ထိတ်လန့်ကြောက်ရွံစရာကောင်းပြီ၊ လူတွေကို ရုတ်တရက်ထကိုက်ပြီး စားတဲ့အခန်းတွေဆိုရင် ကြောက်စရာလည်းကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းနေမှာပါ…။ အခုခါမှာတော့ ရေထဲကိုမဆင်းရဲတော့လောက်အောင် ခြောက်ခြားစရာကောင်းတဲ့ ငါးမန်းကားတွေကို သင်ကြည့်လို့ရအောင် စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်…။

- Jaws
Jaws ကတော့ အကောင်းဆုံးငါးမန်းကားတော့ မဟုတ်ပါဘူး…။ ဒါပေမယ့် ကြောက်ဖို့အကောင်းဆုံး ငါးမန်းကားဆိုရင်တော့ မမှားပါဘူး…။ Jaws ရုပ်ရှင်ကားဟာဆိုရင် အခုချိန်ထိ ကြောက်မက်စရာကောင်းနေပါတယ်…။ ကမ်းခြေတွေကို အပန်းဖြေခရီးထွက်ခါနီးမှာ ဒီရုပ်ရှင်ကားကိုမကြည့်ဖို့ အကြံပေးပါရစေ…။

- The Shallows
     The Shallows ကဆိုရင်တော့ ကောင်မလေးတစ်ယောက် သူ့အပေါင်းဖော်တွေနဲ့ ပင်လယ်ထဲမှာ ရေလွှာလျှောစီးနေတုန်း၊ ငါးမန်းတိုက်ခိုက်တာခံရပြီး ကောင်မလေးနဲ့အတူပါလာတဲ့သူတွေအကုန် ငါးမန်းစားတာကို ခံလိုက်ရပါတယ်...။ ကောင်မလေးကတော့ ပင်လယ်ထဲက ကျောက်ဆောင်တစ်ခုပေါ်မှာ တင်ကျန်နေပြီး သူမရဲ့နားမှာ ငါးမန်းကစောင့်နေခဲ့ပါတယ်...။ ငါးမန်းအန္တရာယ်ကနေ ဘယ်လိုလွတ်အောင် ရှောင်တိမ်းမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်...။ 

- Deep Blue Sea
     ဒီဇာတ်ကားထဲမှာဆိုရင်တော့ သိပ္ပံပညာရှင်တွေက၊ ငါးမန်းရဲ့ဦးနှောက်ကို သိပ္ပံနည်းနဲ့ ပြုလုပ်လိုက်တာကြောင့် ငါးမန်းတွေကပိုပြီး အန္တရာယ်ရှိလာခဲ့ပါတယ်…။ ဒီကားလေးကလည်း စိတ်ဝင်စားစရာကောင်းပြီး ထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းပါတယ်…။

- Sharknado
     Sharknado လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာဆိုရင်တော့ Los Angeles မြို့ကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်မှာ၊ မြို့ထဲကိုရေတွေဝင်လာပြီး ရေတွေနဲ့အတူ ငါးမန်းတွေပါလာခဲ့ပါတယ်...။ ငါးမန်းတွေက လူတွေကိုတိုက်ခိုက်ကြတာတွေ၊ မုန်တိုင်းဝင်နေတာတွေကြောင့် တစ်ကားလုံးကို စိုးရိမ်ထိတ်လန့်မှုတွေအပြည့်နဲ့ သင်ကြည့်ရမှာဖြစ်ပါတယ်…။

- The Reef
     ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူငယ်ချင်းတစ်စုပင်လယ်ထဲကို သင်္ဘောနဲ့လာရာကနေ သင်္ဘောပျက်ပြီး သူတို့လာတဲ့ ကျွန်းကိုပြန်ဖို့အတွက် ပင်လယ်ထဲကနေပဲ ကူးခတ်ပြီးပြန်လာခဲ့ကြပါတယ်...။ ဒီအချိန်မှာ ရေထဲကနေငါမန်းတိုက်ခိုက်ခြင်းကိုခံရတဲ့ အကြောင်းကိုစိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်...။

- Sand Sharks
     ဒီဇာတ်ကားထဲမှာဆိုရင်တော့ ငါးမန်းကရေထဲမှာတင်မကပဲ၊ သဲထဲမှာပါ သွားလာနိုင်တာကြောင့် မထင်မှတ်တဲ့ဇာတ်လမ်းတွေကြောင့် စိတ်လှုပ်ရှားစရာကောင်းပြီး ရိုက်ကူးမှုတွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်…။