ခွေးလေးတွေဟာ မျက်နှာပုံစံ မျိုးစုံသုံးပြီး ခံစားချက်ကို ဖော်ပြတတ်လေ့ရှိတယ်

University of Portsmouth ရဲ့လေ့လာချက်အခွေးလေးတွေဟာ သူတို့ အကြည့်ခံရတဲ့အခါ မျက်နှာပုံစံ မျိုးစုံ သုံးပြီး သူတို့ခံစားချက်ကို ထုတ်ဖော်ပြတတ်လေ့ရှိပါတယ်တဲ့

Portsmouth University ရဲ့  Dog Cognition Centre က သိပ္ပံပညာရှင်တွေ အဖို့ ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့အချက်ကတော့ ခွေးလေးတွေ ဟာ လူတွေရဲ့ အာရုံစိုက်မှု အပေါ်မူတည်ပြီး သူတို့ မျက်နှာလေးတွေကို ပုံစံမျိုးစုံပြောင်းလဲတတ်ကြပါတယ်တဲ့။ ဒါ့အပြင် ခွေးလေးတွေကို  အရသာရှိမယ့် အစာကို ပြပြီး စစ်ဆေးခဲ့သော်လည်းခွေးလေးတွေအဖို့ မျက်နှာ ပုံစံ ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။ဒါ့ကြောင့် ခွေးလေးတွေ အတွက် မျက်နှာ အမူရာပြုလုပ်ခြင်းဟာ လူ(သို့) ခွေးတွေနဲ့ဆက်သွယ်ရေး အတွက်သာဖြစ်ပြီး စိတ်လှုပ်ရှား မှု နဲ့ ဆက်နွယ်နေခြင်းမရှိကြောင်း သိရှိခဲ့ရပါတယ်။

လူတွေ အသည်းစွဲစေတဲ့ ပါပီမျက်လုံးပြူးလေးတွေ ရစေဖို့ မျက်ခုံးပင့်ခြင်းဟာ လေ့လာနေစဉ် အတွင်းမှာ ခွေးလေးတွ အလုပ်များလေ့ရှိတဲ့ မျက်နှာ အမူရာလေးတခုဖြစ်ပါတယ်တဲ့...။

 Dog cognition expert ဖြစ်သူDr Juliane Kaminski ဟာ လေ့လာချက်မှာ အဓိက ဦးဆောင်ခဲ့သူဖြစ်ပြီး  "ခွေးလေးတွေရဲ့ အမျက်နှာ အမူရာမျိုးစုံ လုပ်ပြခြင်းဟာ သူတို့ကို အာရုံစိုက်တဲ့ ပိုင်ရှင်တွေ လူတွေ အပေါ်ပဲမူတည်ပြီး စိတ်လှုပ်ရှားတာနဲ့ မသက်ဆိုင်ပါဘူး လေ့လာနေစဉ်မှာ ခွေးလေးတွေဟာ treat ကို မြင်တဲ့အခါ မျက်နှာ အမူရာ ပုံစံ ပြောင်းလဲခြင်းမရှိသော်လည်း လူတယောက်ကို ကြည့်တဲ့အခါမှာတော့ မျက်နှာ အမူရာ ပြောင်းလဲကာ ကြိုးစား ဆက်သွယ်လေ့ရှိပါတယ် နောက်ဆုံးရလဒ်အဖြေကတော့ ခွေးလေးတွေဟာ မျက်နှာ အမူရာမျိုးစုံကို အသုံးပြုခြင်းဟာ ရိုးရှင်းတဲ့ စိတ်ခံစားချက်တခုတည်းအတွက်သာမဟုတ်ပဲ လူတွေ သူတို့ အပေါ်အာရုံစိုက်မှု ရဖို့ သာမက ခင်မင်စေချင်လို့ ပါ ပြုလုပ်ကြတာဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်...။

နို့တိုက်သတ္တဝါ အများစုဟာ မျက်နှာအမူရာမျိုးစုံ လုပ်လေ့ရှိပြီး ဒီလိုမျက်နှာ အမူရာတွေ နဲ့ စိတ်ခံစားချက်ကို ထုတ်ဖော်တတ်ခြင်းဟာ အရေးကြီးတဲ့ အမူကျင့်ပိုင်းဆိုင်ရာ တခုဖြစ်ပါတယ်

 Dr Kaminski ကပြောပါတယ် "ခွေးလေးတွေ အဖို့ မျက်နှာအမူအရာပြောင်းတတ်ခြင်းဟာ ယဉ်ပါးလာ တာကြောင့် ဖြစ်ပါတယ်တဲ့သိပ္ပံပညာရှင်တွေအဖို့ လေ့လာစမ်းသပ်တဲ့ခါ အသက် ၁နှစ် ကနေ ၁၂နှစ် အရွယ်ရှိခွေး အကောင်ရေ စုစုပေါင်း ၂၄ကောင် ကို လူတဦးရဲ့ တမီတာ အကွာဝေးမှာ ကြိုးချည်ထားပြီး စမ်းသပ်ခဲ့ပါတယ် ...။>

လူကို သူတို့ အနားကပ်စေတဲ့ အခါ ခွေးလေးတွေ ဟာ လူရဲ့ အာရုံစိုက်မှု ကို လိုချင်တဲ့အတွက် အပြိုင်အဆိုင်မျက်နှာမူရာမျိုးစုံနဲ့ ဆက်သွယ်ကြပါတယ် ခွေးလေးတွေရဲ့ မျက်နှာ အမူရာပြောင်းလဲပုံကို DogFACS လို့ခေါ်တဲ့ မျက်နှာ ကြွက်သား လှုပ်ရှားမှု နဲ့ တိုင်းတာပြီး ရလဒ် အဖြေကို တွက်ချက်ခဲ့ကြတာပါ  FACS စနစ် ဟာ အရင်က လူတွေ ကိတိုင်းတာ ခဲ့တာ ဖြစ်သော်လည်း ယခု အခါမှာတော့ တိရစ္ဆာန်လေးတွေကို ပါ တိုင်းတာနိုင်ပြီဖြစ်ပါတယ်...။ 

Dr Kaminski က"ခွေးလေးတွေဟာ လူတွေနဲ့ ယဉ်ပါးလာခဲ့တာ နှစ်ပေါင်း ၃၀၀၀၀ ကျော်ရှိနေပါပြီ ယဉ်ပါးလာတဲ့ ကာလမှာ လူတွေနဲ့ ဆက်ဆံတတ်ဖို့ အတွက် မျက်နှာ အမူရာတွေ ပြောင်းလဲတတ်လာခဲ့တာ ဖြစ်မယ်" လို့ကောက်ချက်ချခဲ့ပါတယ် ....။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။