Balenciaga ထုတ်လုပ်လိုက်တဲ့ ဒေါ်လာ1100 တန် စက္ကူအိတ်ပုံစံပိုက်ဆံအိတ်…

     အီတလီ Brand တစ်ခုဖြစ်တဲ့ Balenciaga ကစက္ကူအိတ်နဲ့တစ်ပုံစံထဲတူတဲ့ အိတ်ကိုထုတ်လုပ်လိုက်ပါတယ်… ။ ဒီအိတ်က $1100 တန်ဖိုးရှိတယ်လို့သိရပါတယ် …။ တစ်ခုရှိတာက အဲဒီအိတ်ရဲ့ ဒီဇိုင်းဟာ အင်မတန်ရိုးရှင်းလွန်းနေတဲ့အပြင် Balenciaga က ပစ္စည်းတွေထည့်ပေးတဲ့ shopping bag နဲ့ တစ်ပုံစံတည်း ဆင်တူနေလို့ပါ ..။  Balenciaga ရဲ့ ထုတ်ကုန်အသစ်အိတ်ဒီဇိုင်းကို လူတွေကထူးဆန်းတယ်လို့မမြင်ပဲ ဟာသလို့ပဲမြင်နေကြပါတော့တယ်…။

     ဒါကတော့ Balenciaga ကပစ္စည်းတွေဝယ်ရင်ထည့်ပေးတဲ့ စက္ကူအိတ်ပဲဖြစ်ပါတယ်…

     သင်အနေနဲ့ ဒီလိုအိတ်မျိုးကို ဝယ်စရာလားလို့တွေးမိပါလိမ့်မယ်…။ ဒါပေမယ့် အခုဒီအိတ်ကို ဝယ်ချင်ပါတယ်ဆိုရင်တောင် မရတော့ပါဘူး… Already Sold Out ပါတဲ့နော်…။