5 မိနစ်စာတောင်မပြည့်တဲ့ 19+ ဇာတ်ဝင်ခန်းကြောင့် ပိုမိုနာမည်ကြီးလာတဲ့ REAL ဇာတ်ကား

ဇွန်လ 28 ရက်နေ့မှစပြီး ရုံတင်ပြသနေတဲ့ တောင်ကိုရီးယားဇာတ်ကား REAL ဟာ ဝေဖန်ခံရမှုတွေများနေသလို လာရောက်ကြည့်ရှုသူပရိသတ်ကလည်း မနည်းပါဘူး…။ ဒီဇာတ်ကားမှာ Dream High, My Love from another Star ဇာတ်လမ်းတွဲတွေကြောင့် မြန်မာပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Kim Soo Hyun နဲ့ ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ F(x) ရဲ့အဖွဲ့ဝင်ဟောင်း To the Beautiful You ဇာတ်လမ်းတွဲဖြင့် အောင်မြင်မှုပိုမိုရလာခဲ့သူ မင်းသမီး Choi Sulli တို့ပါဝင်သရုပ်ဆောင်ထားပြီး အကြမ်းစားအက်ရှင် အမျိုးအစားဇာတ်ကားဖြစ်ပါတယ်…။


ဒီဇာတ်ကားအပေါ်အပြစ်တင်ဝေဖန်ခံရမှုတွေကြောင့် မင်းသားဟာငိုခဲ့ရတယ်လို့ မီဒီယာတွေကဖွခဲ့ပေမယ့် သူ့ရဲ့အေဂျင်စီကတော့ ဇာတ်ကားရိုက်ကူးစဉ် ပင်ပန်းမှုတွေနဲ့ ကြိုးစားခဲ့ရမှုတွေကို ပြန်သတိရပြီး မျက်ရည်ကျခဲ့ရတာပါလို့ ပြန်ဖြေရှင်းထားပါတယ်…။ မင်းသမီးဖြစ်တဲ့ Sulli ကလည်း ဆရာဝန်ပုံစံဇာတ်ကောင်အတွက် ဆေးပညာတွေကို ကြိုတင်လေ့လာခဲ့ရပြီး ဒီဇာတ်ကားမှာ ရေထဲရိုက်ရတဲ့ အခန်းတွေပါဝင်တာကြောင့် ရေအရမ်းကြောက်တဲ့သူမအတွက်တော့ တော်တော်လေးပင်ပန်းခဲ့ရတယ် လို့ဆိုပါတယ်…။ 2 မိနစ်စာလောက်သာရှိတဲ့ 19+ ဇာတ်ဝင်ခန်းအတိုလေးတွေ ပြန့်နှံ့ခဲ့ပြီးနောက် ဇာတ်ကားတစ်ခုလုံးတောင် မကြည့်ရသေးဘဲ ပရိသတ်တချို့က ဝေဖန်ခဲ့ကြတာပါ…။ ဒီလိုဝေဖန်မှုတွေကြောင့်ပဲ ဒီဇာတ်ကားဟာ မီဒီယာအားလုံးရဲ့စိတ်ဝင်စားခြင်းကိုခံရကာ ပိုမိုရေပန်းစားလူပြောများလာခဲ့တာဖြစ်ပါတယ်…။

အခုနောက်ပိုင်း Sulli ကို သူမရဲ့အဆိုတော်ဘဝက ကလေးဆန်တဲ့ ချစ်စဖွယ်အမူလေးတွေနဲ့ မြင်ရတော့မှာမဟုတ်ဘဲ လွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ဦးအသွင် တွေ့ရမှာဖြစ်ပါတယ်…။ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်နှစ်ဦးလုံးက 19+ ဇာတ်ဝင်ခန်းတွေကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီးတော့ အဲ့ဒါတွေကြောင့်ပဲ မင်းသမီးဖြစ်တဲ့ Sulli ရဲ့အပေါ်ပိုင်းဗလာပုံတွေ ပျံ့နှံ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်…။

ဒီလိုဇာတ်ဝင်ခန်းက အရင်ကိုရီးယားဇာတ်ကားတွေမှာလည်း ပါလေ့ပါထရှိတဲ့ အခန်းတွေဖြစ်ပြီး ဒီဇာတ်ကားမှထူးခြားပြီးပါလာတာမဟုတ်ပါဘူး...။ အဓိကလူပိုစိတ်ဝင်စားခြင်းခံရတဲ့ အချက်ကတော့ မင်းသမီးဖြစ်တဲ့ Sulli ရဲ့အံ့သြစရာပြောင်းလဲမှုတွေကြောင့်လို့ပဲဆိုရမှာပေါ့…။ သူမက 2015 ခုနှစ်မှာ ချစ်သူရသွားခဲ့ပြီး အဖွဲ့မှလည်း နုတ်ထွက်ခဲ့ကာ သူမဟုတ်တဲ့အတိုင်း အင်မတန်ပြောင်းလဲလာခဲ့တာပါ…။ တကယ်တော့ ဒါတွေက သူမ နေချင်တဲ့ လွတ်လပ်တဲ့မိန်းကလေးတစ်ဦးပုံစံဖြစ်ပြီး အရင်ကလေးဆန်တဲ့ Sulli ပုံရိပ်ကတော့ သူမရဲ့အေဂျင်စီက ပုံသွင်းယူခဲ့ပုံရပါတယ်…။ သူမ ပြောင်းလဲခဲ့ပေမယ့် သူမရဲ့ပရိသတ်တွေကတော့ မပြောင်းလဲဘဲဆက်ပြီး အားပေးနေကြတာကို တွေ့နိုင်မှာပါ…။


ဒီဇာတ်ကားကို မြန်မာနိုင်ငံမှပရိသတ်တွေလည်း ကြည့်ရှုဖို့အတွက် စောင့်မျှော်နေကြပြီး မင်းသားနဲ့ မင်းသမီးက ဒိတ်ဒိတ်ကြဲတွေဆိုတော့ ပိုလို့တောင်ကြည့်ဖို့အတွက် ရင်ခုန်နေကြရပါပြီ…။ ဒီဇာတ်ကားကို ကြည့်ချင်တဲ့ စာဖတ်ပရိသတ်ကြီးအတွက် REAL ဇာတ်ကားကြီးရဲ့ Official Trailer ကို ထည့်ပေးလိုက်ပါတယ်နော်…။